သတင်းများ

အမေရိကန်C-17လေယာဉ်(သို့မဟုတ်) တရားမဝင်ရွှေ့ပြောင်းသူများကို ပထမဆုံး အကြိမ်အဖြစ် ဂွမ်တာနာမိုသို့ ပို့ဆောင်ခဲ့သည့်လေယာဉ်

ဒေါ်နယ်ထရမ့်၏    တရားမဝင် ရွှေ့ပြောင်းသူများ တိုက်ဖျက်ရေးအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ရွှေ့ပြောင်းသူများကို သယ်ဆောင်လာသော စစ်လေယာဉ်သည် ပထမဆုံးအကြိမ်အဖြစ် ဂွမ်တာနာမို အကျဉ်းထောင်သို့ ဖေဖော်ဝါရီလ ၄ ရက်  ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင်  ဆိုက်ရောက်လာခဲ့ကြောင်း  ABC သတင်းဌာနက ဖော်ပြသည်။

၎င်းရွှေ့ပြောင်းသူများသည် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးခံရမည့်သူများဖြစ်ပြီး  ၎င်းတို့အား အမေရိကန် အာဏာပိုင်အဖွဲ့က တက္ကဆပ်ပြည်နယ် အယ်ပါဆိုမြို့မှ C-17 အမျိုးအစား စစ်လေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။

ကျူးဘားနိုင်ငံရှိ    ဂွမ်တာနာမိုအကျဉ်းထောင်သည်    အမေရိကန်ရေတပ်၏ စစ်အခြေစိုက်စခန်း တစ်ခုဖြစ်ပြီး ယခင်က အယ်လ်ကိုင်ဒါ စစ်သွေးကြွများအား ဖမ်းဆီးထိန်းသိမ်းရာတွင် လုံခြုံရေးအလွန်တင်းကျပ်ထားသည့် အကျဉ်းထောင်တစ်ခုအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။   ယင်းအကျဉ်းထောင်ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုလေယာဉ်ပေါ်တွင် လိုက်ပါလာသည့်   ရွှေ့ပြောင်းနေထိုင်သူများအနက် ၁၀ ဦးမှာ ဗင်နီဇွဲလားနိုင်ငံရှိ နာမည်ကြီး ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် Tren de Aragua မှ ဂိုဏ်းသားများဖြစ်သည်။ ထို့ပြင် ဂွမ်တာနာမိုအကျဉ်းထောင်သို့  ပို့ဆောင်ခြင်းခံရသူ အားလုံးသည် အမေရိကန်ပြည်ထောင်စု၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ထားသူများဖြစ်ပြီး အမေရိကန်နိုင်ငံသားများအပေါ်  ဆိုးရွားကြမ်းတမ်းသည့် ရာဇဝတ်မှုများ ကျူးလွန်ထားသူများလည်း ဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြန်ကြားရေး အတွင်းဝန် ကယ်ရိုလိုင်းလီဗစ်က ပြောကြားထားသည်။

ဂွမ်တာနာမိုအကျဉ်းထောင်သို့ လက်ရှိပို့ဆောင်ခြင်းခံရသူများကို   ၎င်းအကျဉ်းထောင်ရှိ    အကျဉ်းကျခံနေသူများနှင့်အတူ ထားရှိမည်မဟုတ်ဘဲ ၎င်းတို့မိခင်နိုင်ငံများသို့   ပြန်ပို့ခြင်းခံရသည့်အချိန်အထိ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့်   အကောက်ခွန်အာဏာပိုင်အဖွဲ့က လုံခြုံရေးတာဝန်ယူမည်ဖြစ်သည်။

အမေရိကန်ရှိ ရာဇဝတ်မှုကျူးလွန်သူများနှင့် တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများအား ထိန်းသိမ်းရန်အတွက် ဂွမ်တာနာမို အကျဉ်းစခန်းတွင် နေရာပေါင်း ၃၀,၀၀၀ အထိ ပြင်ဆင်ထားရန် ထရမ့်က  ၎င်း၏အစိုးရအဖွဲ့အား အစောပိုင်းတွင် ညွှန်ကြားထားခဲ့သည်။

ထို့ပြင်သမ္မတထရမ့်အနေဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေးကို  ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးချိန်မှစ၍ မက္ကဆီကိုနှင့် ထိစပ်နေသည့်နယ်စပ်တွင် အရေးပေါ်အခြေအနေ တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းနောက်တွင် အမေရိကန်အစိုးရသည်   နယူးယောက်တွင်   တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား   ရှာဖွေဖော်ထုတ်ရန်အတွက် အကြီးစားစစ်ဆင်မှုကြီးများကို လုပ်ဆောင်ခဲ့ရာ တစ်နေ့တည်းမှာပင် လူပေါင်း ၁၂,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း New York Post သတင်းစာက ဇန်နဝါရီလကုန်ပိုင်းတွင် ဖော်ပြခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တိုက်ဖျက်ရေးအတွက် မစ္စစ္စပီပြည်နယ် အာဏာပိုင်များကမူ ဆုပေးသည့်စနစ်ကို ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ပြည်နယ်အာဏာပိုင်များအနေဖြင့်   တရားမဝင်ရွှေ့ပြောင်းသူများကိုဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးနိုင်သည့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ အရာရှိများအား  လူတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ ပေးအပ်မည်ဟု ကမ်းလှမ်းထားသည်။   အဆိုပါဆုချီးမြှင့်သည့် အစီအစဉ်ကို ပြည်နယ်အာဏာပိုင်များက အသိအမှတ်ပြု ဆုလာဘ်ရှာဖွေမှု အစီအစဉ် ဟူ၍ အမည်ပေးထားသည်။

အမေရိကန်အစိုးရက    ပြည်နှင်ဒဏ်ပေးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ခေါ်ယူရန်အတွက်လည်း အယ်ဆာဗေဒေါ၊  ဗင်နီဇွဲလားနှင့် ကိုလံဘီယာနိုင်ငံတို့က သဘောတူထားပြီးဖြစ်သည်။

တရားမဝင်ရွှေ့ပြောင်းသူများအား ယခုကဲ့သို့ဂွမ်တာနာမိုသို့  ပထမဆုံးအကြိမ် ပို့ဆောင်ခဲ့ခြင်းသည်    အစိုးရအတွက် အနည်းဆုံး ဒေါ်လာနှစ်သန်း ကုန်ကျစေခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထားသည်။ ထို့ပြင်တရားမဝင်ရွှေ့ပြောင်းသူများအား ဂွမ်တာနာမိုသို့ ချောမွေ့စွာပို့ဆောင်နိုင်ရေးအတွက် အမေရိကန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၃၀၀ ခန့်နှင့် ကမ်းတက်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကိုပါ အစိုးရက စေလွှတ်ရန်စီစဉ်ထားကြောင်း   အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source:Myawady Web Portal

လူအများစု သေစေနိုင်သည့် လက်နက်တပ်ဆင်မှုနည်းပညာများကို ဂူးဂဲလ်တွင် ရှာဖွေနိုင်ပြီ

Google သည် လက်နက်နှင့် ထောက်လှမ်းရေးကိရိယာများ တီထွင်ထုတ်လုပ်ရန်အတွက် နည်းပညာအသုံးပြုမှုဆိုင်ရာ အစောပိုင်းကန့်သတ်ချက်များကို ဖယ်ရှားကာ ၎င်း၏ဉာဏ်ရည်တု (AI) မူများကို သိသိသာသာ ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ 

အဆိုပါအဆင့်မြှင်တင်မှုကို ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကြေညာခဲ့ပြီး အလုံးစုံထိခိုက်မှုကိုဖြစ်စေနိုင်သော Application များကို ဆန့်ကျင်သည်ဆိုသည့် ကုမ္ပဏီ၏ ယခင်ရပ်တည်ချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် ဂူးဂဲလ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဘက်ဆိုင်ရာကိစ္စရပ်များနှင့် ပါဝင်ပတ်သက်နေသည်ဟု ဝေဖန်ခံရပြီးနောက်တွင် ကုမ္ပဏီ က ၎င်း၏ AI ပိုင်းဆိုင်ရာကိစ္စရပ်များကို မူတစ်ခုချမှတ်ခဲ့ပြီး မူရင်းသတ်မှတ်ချက်များတွင် လူများကို ထိခိုက်ဒဏ်ရာရစေနိုင်သည့် လက်နက်ထုပ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာများကို ဝေမျှခြင်း (သို့) ဒီဇိုင်းရေးဆွဲထားမည်မဟုတ်ကြောင်း ဆိုပါသည်။ ထို့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများကိုချိုးဖောက်ပြီး ထောက်လှမ်းရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သွားမည်မဟုတ်ကြောင်း ပါရှိပါသည်။

ယခုတွင် ဂူဂဲလ်က အဆိုပါမူများကို ချိုးဖျက် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ 

ဝါရှင်တန်ပို့စ်သတင်းဌာန၏အဆိုအရ ဂူဂဲလ်က ဂါဇာစစ်ပွဲအစောပိုင်း ရက်သတ္တပတ်များကတည်းက အစ္စရေးစစ်တပ်နှင့်ပူးပေါင်းခဲ့ပြီး ဉာဏ်ရည်တု ဝန်ဆောင်မှုများပေးရန် အမေဇုံကုမ္ပဏီနှင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ အောက်တိုဘာလအတွင်း အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှုအပြီး မကြာမီတွင် ဂူဂဲလ်၏ cloud ဌာနခွဲက အရပ်ဘက်အစိုးရဝန်ကြီးဌာနများတွင် ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားသော်လည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့များကို AI Tools များ ဝင်ရောက် အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရပါသည်။ 

ကိုးကား-Myanmar National Post

သီရိလင်္ကာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိ

သီရိလင်္ကာ အကောက်ခွန်ဌာနသည် ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဌာနမှ    ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၅ ရက်တွင်ပြောသည်။

အဆိုပါကိုကင်းအရည်ကို ဗြိတိန်နိုင်ငံမှ သီရိလင်္ကာနိုင်ငံအနောက်ပိုင်း ကီရီဘတ်ဂိုဒါဒေသရှိ လိပ်စာတစ်ခုသို့ပေးပို့သည့် အထုပ်တစ်ခုအတွင်း၌ ဖေဖော်ဝါရီလ ၄ ရက်တွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆီးဗာလီ အာရွတ်ဂိုဒါကပြောသည်။     အဆိုပါအထုပ်အတွင်း၌ ဆေးခြောက် ၆၅ ဂရမ်နှင့် အလေးချိန် ၅၀၀ မီလီလီတာရှိ ကိုကင်းအရည်တို့ ပါဝင်ကြောင်း  သိရသည်။

သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏တန်ဖိုးမှာ ကာလပေါက်ဈေး ရူပီး ၁၃ သန်း (ဒေါ်လာ ၄၄၀၀၀) ခန့်ရှိကြောင်း အာရွတ်ဂိုဒါက ဆက်ပြောသည်။ ယခုကဲ့သို့ ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ခြင်းသည် သီရိလင်္ကာနိုင်ငံ၏ အကောက်ခွန်သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့က အသက် ၂၃ နှစ်အရွယ်ရှိ ခရီးသွားလုပ်ငန်း၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

Source: Myawady Web Portal

သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုးတစ်ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီး

     ပြင်သစ်နိုင်ငံတွင် ရဲတပ်ဖွဲ့အား သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုး တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်သည် ပဲရစ်မြို့တော်ရှိ အိုတယ်လစ် ဘူတာရုံတွင် ဖေဖော်ဝါရီလ ၃ ရက်က ဖြစ်ပွားခြင်းဖြစ်သည်။ အသက် ၄၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် ဘူတာရုံတွင် စကြာတံဆိပ်များကို မှုတ်ဆေးဖြင့် ရေးဆွဲနေစဉ် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာမှ ယင်းအမျိုးသားက  ၎င်း၏အင်္ကျီအိတ်အတွင်းမှ သေနတ်အတုကိုထုတ်၍ ရဲတပ်ဖွဲ့ဝင်များအား ချိန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်  ရဲတပ်ဖွဲ့ဝင်များက  ၎င်းအမျိုးသားအား  တားဆီးရန်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် ၎င်းအမျိုးသား၏ ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ယင်းပစ်ခတ်မှုတွင် အနီးအနားရှိ အငှားယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက ဘူတာရုံအား နာရီအတော်ကြာ ပိတ်ခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ ပြင်သစ်နိုင်ငံသည် အကြမ်းဖက် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍    ပြီးခဲ့သည့်နှစ်မှစ၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံခဲ့ရသည့်  အမျိုးသားသည် ဆီးရီးယားမျိုးနွယ်မှ   ဆင်းသက်လာသူ တစ်ဦးဖြစ်သည်။

ထရမ့် အဆိုပြုသည့် စစ်သုံးစရိတ် ၅ ရာခိုင်နှုန်း အီတလီ မပေးနိုင်

အီတလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် အန်တိုနီယို တာဂျာနီက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် အကြံပြုထားသည့် စစ်ရေးအသုံးစရိတ်ကို နိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ရန်မှာ အီတလီ အနေဖြင့် ပြင်ဆင်ထားခြင်း မရှိပါကြောင်း ပြောကြား လိုက်ပါသည်။ 

အီတလီသည် နေတိုးစစ်ရေးအသုံးစရိတ်အတွက် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ကို ရောက်ရှိရန် ရည်မှန်းထားသော်လည်း   ၅ ရာခိုင်နှုန်း အထိ တိုးမြှင့် ခြင်းမှာ မဖြစ်နိုင်ကြောင်း Corriere della Sera သတင်းစာနှင့် အင်တာဗျူးတွင် တာဂျာနီက အလေး အနက် ပြောကြားခဲ့သည်။ 

ထို့အပြင် အီတလီသည် နိုင်ငံတကာ အထူးတာဝန်များတွင် စစ်သားအရေအတွက် အမြောက်အမြား ပါဝင်ပေးနေမှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ 

စစ်ရေးအသုံးစရိတ်ကို အီးယူ၏ တည်ငြိမ်ရေးနှင့် စီးပွားရေးကြီးထွားလာရေး သဘောတူညီချက်မှ ချန်လှပ်ထားရေးနှင့် ကာကွယ်ရေးရည်ရွယ်ချက်များ အတွက် အီးယူ၏ ဘုံပူးပေါင်းရံပုံငွေများကိုသာ အသုံးပြုနိုင်ရေးတို့အတွက် အီးယူစည်းမျဉ်းများကို ပြောင်းလဲရန် လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကိုးကား -TASS 

ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့် အခြားနည်းပညာပစ္စည်းများတွင် DeepSeek အသုံးပြုခွင့် ပိတ်ပင်

နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့်နည်းပညာပစ္စည်းများ အားလုံးတွင် တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း ဩစတေးလျ အစိုးရက ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြား လိုက်ပါသည်။

“DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် တပ်ဆင်ခြင်းအား တားမြစ်ရန်နှင့် DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသော အစိုးရဌာနများ၏ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများအားလုံးမှ ဖယ်ရှားပစ်ရန်” ပြည်ထဲရေးဝန်ကြီးက အစိုးရဌာနများအားလုံး လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

DeepSeek သည် အစိုးရအဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာ ကြီးမားသောအန္တရာယ်ဖြစ်ပြီး ယခုကဲ့သို့ DeepSeek အသုံးပြုခွင့်အား ရုတ်တရက် ပိတ်ပင်ရခြင်းမှာ ဩစတြေးလျနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းမီဒီယာများက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ဖော်ပြထားသည်။

ထိုပိတ်ပင်မှုမှာ ဩစတေးလျနိုင်ငံသားများပိုင် နည်းပညာပစ္စည်းများနှင့် မသက်ဆိုင်ကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။

ကိုးကား-Reuters

ရုရှားလိုလားသော အရန်တပ်ဖွဲ့ခေါင်းဆောင် သေဆုံး

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော အရန်တပ်ဖွဲ့ ခေါင်းဆောင် အာမန်ဆားစ်ဂျန်သည် မော်စကို၌ဖေဖော်ဝါရီ ၃ ရက်(တနင်္လာနေ့) နံနက်ပိုင်းက ပေါက်ကွဲမှုအတွင်း အပြင်းအထန်ဒဏ်ရာ ရရှိသွားပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရုရှားမီဒီယာများက ပြောကြားထားသည်။ 

ကရင်မလင်မှ ၁၂ ကီလိုမီတာ (၇) မိုင် အကွာ မော်စကို အနောက်မြောက်ဘက်ရှိ လူနေအဆောက်အအုံတစ်ခု၏ ဝင်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆားစ်ဂျန် မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရ၍ အထူးကြပ်မတ်ကုသဆောင်တွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ဆားစ်ဂျန်၏ ကိုယ်ရံတော်တစ်ဦးလည်းသေဆုံးပြီး နောက်တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

အာမန်ဆားစ်ဂျန် ဦးဆောင်သော အရန်တပ်ရင်းသည် ယူကရိန်းအရှေ့ပိုင်းတွင် အဓိကလှုပ်ရှားနေပြီး ရုရှားအတွက် ကူညီတိုက်ခိုက်ပေးနေပါသည်။ ၎င်းသည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် အကျဉ်းထောင်များမှရာဇဝတ်သားများကို လူစုခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးဌာန (SBU)က စွပ်စွဲထားသည်။ 

အာမန်ဆားစ်ဂျန်သေဆုံးမှုမှာ မော်စကိုအတွင်း လုံခြုံရေး စိတ်မချရသည့်အခြေအနေကို ဖော်ပြနေကြောင်း ဝေဖန်မှုမြင့်တက်နေပါသည်။ 

ကိုးကား-BBC

ဆီးရီးယားမြောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံး

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မော်တော်ကားတစ်စီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဆီးရီးယား ယာယီအစိုးရက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချခဲ့ပါသည်။

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနနှင့် ယာယီအစိုးရတို့၏ ကြေညာချက်များအရ အဆိုပါကားသည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နိုင်ငံမြောက်ပိုင်း Manbij မြို့၏ ဆင်ခြေဖုံးနေရာ၌ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူများ ကြောင်း သိရှိရပါသည်။

ထိခိုက်သူအများစုသည် အမျိုးသမီး စိုက်ပျိုးရေး လုပ်သားများဖြစ်သည်ဟု လုံခြုံရေးအရာရှိများက ဆိုပါသည်။ Manbij သည် ဆီးရီးယားမြောက်ပိုင်း၌ ကာ့ဒ်လူမျိုးများ ဦးဆောင်သည့် တပ်ဖွဲ့များနှင့် တူရကီကျောထောက် နောက်ခံပေးထားသည့် အုပ်စုများအကြား အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော နေရာများအနက် တစ်ခုဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား တူရကီလိုလားသော အစုအဖွဲ့များက ထိန်းချုပ်ထားသည်ဟု ဆီးရီးယား၏ အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်း ကားတစ်စီး ပေါက်ကွဲ ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့က ပြောပါသည်။

ယခုနောက်ဆုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဘဲ ဤဖြစ်စဉ်သည် သမ္မတ Bashar al-Assad အစိုးရဖြုတ်ချခံရပြီးနောက်ပိုင်း ဆီးရီးယား၌ အသေအပျောက်အများဆုံး ဖြစ်စေခဲ့သည့် ပေါက်ကွဲမှုဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါသည်။

ဆီးရီးယားယာယီအစိုးရက နိုင်ငံကို တစုတစည်းတည်းဖြစ်ရန် ကြိုးပမ်းနေသော်လည်း နိုင်ငံသည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ တိုက်ခိုက်မှုများကြောင့် မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပါသည်။

ကိုးကား-NHK World

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါ သည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မြောင်းဦးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်(၅၂)နှစ်နှင့် တစ်ရွာတည်းနေ ဦးအောင်မျိုးဝင်း(၅၀)နှစ်တို့သည် ၎င်းတို့၏နေအိမ်များ၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟုဟားမက်အဖွဲ့ ပြောကြား

အစ္စရေးနှင့် ချမှတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟု ဟားမက်အဖွဲ့၏ နိုင်ငံရေးရုံး ဒုတိယအကြီးအကဲ မူဆာအဘူမာဇွတ်က Sputnik သို့ပြောကြားသည်။

ဟားမက်အဖွဲ့သည်  ရုရှားနိုင်ငံသားတစ်ဦးဖြစ်သည့် အလက်ဇန္ဒား ထရူဖာနော့အား ရုရှားနိုင်ငံ၏ ပါလက်စတိုင်းအပေါ် ထားရှိသည့် ရပ်တည်ချက်သဘောထားကို တုံ့ပြန်သည့်အနေဖြင့်  မကြာမီပြန်လွှတ် ပေးမည်ဖြစ်ကြောင်း မူဆာအဘူမာဇွတ်က ပြောသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒွန်ဘတ်ဒေသခံတစ်ဦးဖြစ်သည့် မက်ဇင်ခါကင်အား ပြန်လွှတ်ပေးခြင်းနှင့်စပ်လျဉ်း၍ အစ္စရေးနှင့် သဘောတူထားသည့် ဒုတိယအဆင့် သဘောတူညီချက်အပေါ် မူတည်၍ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဟားမက်အဖွဲ့က  ပြောသည်။ သို့သော်  ၎င်းအားပြန်လွှတ်ပေးရေးကို   အဓိကဦးစားပေးအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပါလက်စတိုင်းမှ   ဟားမက်အဖွဲ့နှင့် အစ္စရေးတို့ကြား  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့၏ ကြားဝင်ဖျန်ဖြေမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ဇန်နဝါရီလ ၁၅ ရက်တွင် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။