မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
27 July 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာတံတားအနီးတွင် ရေးမြို့မှ ထားဝယ်မြို့သို့ ဇော်ထက်ဦး(ခ)အထက် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်ထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၃၀)အား ဖမ်းဆီးရမိသဖြင့် ဇော်ထက်ဦး(ခ)အထက်(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
MM-News-Category