တောင်ကိုရီးယားသမ္မတ ယွန်းကို ဖမ်းဆီးရန်ကြိုးပမ်းမှု ရပ်ဆိုင်း

News Image

  • တောင်ကိုရီးယားသမ္မတ ယွန်းကို ဖမ်းဆီးရန်ကြိုးပမ်းမှု ရပ်ဆိုင်း

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အား ဖမ်းဝရမ်းထုတ်ပြီးနောက် သမ္မတအိမ်ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းသည့်အဖွဲ့ဝင်များနှင့် သမ္မတလုံခြုံရေးအဖွဲ့ဝင်များ၊ ထောက်ခံသူများအကြား နာရီအတန်ကြာ အခြေအနေတင်းမာမှုများဖြစ်ပွားပြီး စုံစမ်းစစ်ဆေးရေးမှူးများက ဖမ်းဆီးရန်ကြိုးပမ်းမှုအား ရပ်ဆိုင်းလိုက်သည်။ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် သမ္မတအပေါ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတယွန်း၏ ပြစ်မှုအပေါ် ပြန်လည်သုံးသပ်ပြီး နောက်ထပ်အဆင့်များအတွက် ဆုံးဖြတ်သွားမည်ဟုဆိုပါသည်။ ဖမ်းဝရမ်းသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

သမ္မတယွန်းအား ထိန်းသိမ်းရန် ဖမ်းဝရမ်းဖြင့် အဖွဲ့ဝင် ၁၅၀ ကျော်ကို ဆိုးလ်မြို့ရှိ သမ္မတအိမ်ခြံဝင်းအတွင်းသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဖြန့်ကျက်ချထား သော်လည်း သမ္မတလုံခြုံရေးအဖွဲ့က ၎င်းတို့၏ နေအိမ်အား ရှာဖွေခွင့်မပြုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သမ္မတယွန်းကို ထောက်ခံသူများက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းအပေါ်  ကန့်ကွက်ခဲ့ကြပြီး ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်အပြင်ဘက်တွင် နေ့စဉ်စုဝေးခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေးမှူးများသည် ထောက်ခံသူများနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်မှုများရှိလာကြောင်းလည်းဖော်ပြထားပါသည်။

ကိုးကား-NHK World