အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည် စတင်ခဲ့သော်လည်း ဂါဇာတွင် အသေအပျောက် အရေအတွက် မြင့်တက်လာ

News Image

  • အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည် စတင်ခဲ့သော်လည်း ဂါဇာတွင် အသေအပျောက် အရေအတွက် မြင့်တက်လာ

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက် ဂါဇာကမ်းမြောင်တွင် ဒါဇင်နှင့်ချီသော အသေအပျောက်များ ရှိနေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများကို ကာတာတွင် ဇန်နဝါရီ ၃ ရက်နေ့က စတင်ခဲ့ကြသည်။

သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ယင်းနေ့အစောပိုင်းကတည်းက လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း မီဒီယာတစ်ခုက ဇန်နဝါရီ ၄ ရက်နေ့တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ ၄၅,၇၁၇ ဦးအထိ မြင့်တက်လာကြောင်း ဂါဇာ ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

UNRWA သည် ဂါဇာတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဖြစ်သည့် ဆေးဝါးကုသရေးနှင့်စားနပ်ရိက္ခာများပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ 

ကိုးကား-NHK World