သမ္မတအဖြစ် တက်ရောက်လာပြီးနောက် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်ရန် ထရမ့်က ဆန္ဒရှိဟုဆို
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ၎င်းတက်ရောက်လာပြီးနောက် မကြာမီတရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ရန်ဆန္ဒရှိသည်ဟု အကြံပေးများအားပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်ကဖော်ပြသည်။
သမ္မတအဖြစ်တက်ရောက်လာပြီးနောက်ရက်ပေါင်း ၁၀၀ အတွင်း တရုတ်နိုင်ငံသို့သွားရောက်ရန် ထရမ့်ကစိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ထရမ့်၏အကြံပေးတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ Wall Street ဂျာနယ်က ဖော်ပြခြင်းဖြစ်ကြောင်းသိရသည်။
ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ကြား တွေ့ဆုံဆွေးနွေးရန် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များက စေ့စပ်ဆွေးနွေးခဲ့ကြပြီး ထရမ့်အနေဖြင့် သမ္မတရှီအား အမေရိကန်ပြည်ထောင်စုသို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားကြောင်း ဂျာနယ်တွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားခြင်းမရှိသေးကြောင်းသိရသည်။
Source: Myawady Web Portal