အစ္စရေးသည် ထောက်ပံ့ရေးဒရုန်းများတွင် SMASH Dragon အဆင့်မြင့်လက်နက်များ တပ်ဆင်မည်

News Image

  • အစ္စရေးသည် ထောက်ပံ့ရေးဒရုန်းများတွင် SMASH Dragon အဆင့်မြင့်လက်နက်များ တပ်ဆင်မည်

အစ္စရေးကုမ္ပဏီများဖြစ်သော SMARTSHOOTER နှင့် HevenDrones တို့သည် ထောက်ပံ့ပို့ဆောင်ရေးဒရုန်းများတွင် ခေတ်မီစက်ရုပ်လက်နက်စနစ်များတပ်ဆင်မည့်အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါသည်။ ၎င်းကုမ္ပဏီများသည် နောက်ဆုံးပေါ် SMASH Dragon လက်နက်ကို HevenDrones မှထုတ်လုပ်သည့် H100 နှင့် Urban ဒရုန်းပလက်ဖောင်းများတွင် ပေါင်းစည်းတပ်ဆင်သွားမည်ဖြစ်သည်။ ဤကဲ့သို့တပ်ဆင်ခြင်းဖြင့် မောင်းသူမဲ့လေကြောင်းစနစ်များသည် မြေပြင်နှင့်ဝေဟင်ပစ်မှတ်များအား ထိရောက်စွာတိုက်ခိုက်မှုပြုလုပ်နိုင်မည်ဖြစ်ပါသည်။  ဒရုန်းတိုက်ပွဲများ ပိုမိုများပြားလာသည်နှင့်အမျှ တန်ပြန်ဒရုန်းနည်းပညာသည် လက်နက်ကိုင်တပ်ဖွဲ့များအတွက် အလွန်အရေးပါလာခဲ့ပါသည်။

H100 နှင့် Urban ဒရုန်းများသည် သယ်ဆောင်နိုင်သောပစ္စည်းအလေးချိန် ၃၀ ကီလိုဂရမ် (၆၆ ပေါင်) နှင့် ၁၀ ကီလိုဂရမ် (၂၂ ပေါင်) အသီးသီးရှိပြီး အရေးပေါ်ထောက်ပံ့ရေးလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ H100 ဒရုန်းသည် လေထဲတွင် ၅၅ မိနစ် ကြာပျံသန်းနေနိုင်ပြီး အမြင့်ဆုံးအလျင်နှုန်း တစ်စက္ကန့်လျှင် ၁၆ မီတာ နှင့် Urban ဒရုန်းသည် တစ်စက္ကန့် လျှင် ၂၀ မီတာအလျင်နှုန်းဖြင့် လေထဲတွင် ၃၇ မိနစ်ကြာ ပျံသန်းနေနိုင်ပါသည်။

SMASH Dragon သည် မောင်းသူမဲ့ဝေဟင်ပလက်ဖောင်းအမျိုးမျိုးတွင်တပ်ဆင်ရန် ဒီဇိုင်းထုတ်ထားသည့် ဘက်စုံသုံးလက်နက်တစ်ခုဖြစ်သည်။ ၎င်းသည် အဆင့်မြင့်ပစ်ခတ်မှု ထိန်းသိမ်းရေးနှင့် ပစ်မှတ်ရှာဖွေရေးနည်းစနစ်များကိုအသုံးပြု၍ တည်ငြိမ်နှင့်ရွေ့လျားပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ပါသည်။ ဒရုန်းရန်ကာကွယ်ရေးအတွက် နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိသော SMASH Dragon လက်နက်အား H100 နှင့် Urban ဒရုန်းများတွင် ပေါင်းစပ်တပ်ဆင်ခြင်းဖြင့် အတားအဆီးကန့်သတ်ချက်များပြားသော မြို့ပြဧရိယာနှင့် အတားအဆီးနည်းပါး၍ ကျယ်ပြန့်သော စစ်မြေပြင်တိုက်ပွဲနယ်မြေများတွင် ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။

Ref; https://thedefensepost.com/2025/01/22/israel-drones-robotic-weapons/ 

ဘာသာပြန်- ထက်မြက်အောင်

ပေးပို့သူ- ဗိုလ်မှူး အောင်ထက်ထက်