အမေရိကန်က ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများကို တစ်ချိန်ချိန်၌ ရုတ်သိမ်းနိုင်သည်ဟု ဒေါ်နယ်ထရမ့်ပြော
ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွင်း အမေရိကန်သည် ရုရှား အပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို တစ်ချိန်ချိန်၌ ရုတ်သိမ်း နိုင်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ သို့သော် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းနိုင်ခြေနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ပြီး အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြား ချမှတ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ သို့သော် အဆိုပါပိတ်ဆို့အရေးယူမှုများသည် တရားမဝင်ကြောင်း နှင့်ရုတ်သိမ်းပေးရန် ရုရှားဘက်က အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်းလည်း သိရပါသည်။
ယူကရိန်းပဋိပက္ခအတွက် တည်မြဲပြီး ရေရှည်တည်တံ့သည့် ဖြေရှင်းချက် ကို ရှာဖွေနိုင်ရန်အတွက် အနောက်အုပ်စုနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းရန် စဉ်းစားရလိမ့်မည်ဟု လွန်ခဲ့သော ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို က အကြံပြု ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
ကိုးကား-NP News