အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်နိုင်ရန် ထရမ့်၏ဆောင်ရွက်ချက်များက ရုရှားအား အနောက်နိုင်ငံများ၏ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာစေနိုင်ဟုဆို
အမေရိကန်နှင့်ရုရှားတို့ကြား ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်နိုင်ရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဆောင်ရွက်ချက်များသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများ၏ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာစေနိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူများက မြော်တွေးလျက်ရှိကြောင်း Bloomberg က ဖော်ပြသည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ် အနောက်နိုင်ငံများသည် ၂၀၂၂ ခုနှစ်ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ရုရှားအပေါ်ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံအား အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှလည်း ဖယ်ရှားပစ်ခဲ့ပြီး ရုရှားနိုင်ငံရှိ အကြီးမားဆုံး အစုရှယ်ယာ ဈေးကွက်အပေါ်ကိုလည်း ပိတ်ဆို့ခဲ့ကြသည်။
သို့သော် မကြာမီရက်သတ္တပတ်များအတွင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ကုန်သည်များသည် ရုရှားနိုင်ငံ၏ အစုရှယ်ယာ လက်မှတ်များကို ဝယ်ယူရန်ကြိုးပမ်းလာခဲ့သည်ဟု Bloomberg က ဆက်လက်ဖော်ပြသည်။ ၎င်းကုန်သည်များသည် ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom မှ ဒေါ်လာငွေကြေးဖြင့်ထုတ်ဝေသည့် အစုရှယ်ယာများကို ဝယ်ယူရန်အာရုံစိုက်လာခြင်းဖြစ်သည်။
အကယ်၍ ရုရှားနှင့် ယူကရိန်းတို့ကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ခဲ့ပြီးနောက် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်က ဖယ်ရှားပေးမည်ဆိုပါက ရုရှား၏အစုရှယ်ယာဈေးနှုန်းမှာ ပိုမိုမြင့်တက်လာနိုင်သည်ဟု ကုန်သည်များကခန့်မှန်းထားခြင်းဖြစ်သည်။
Ref: RT
Source: https://myawady.net.mm/