လူကာရှန်ကို သမ္မတရာထူး ကျမ်းသစ္စာဆို

News Image

  • လူကာရှန်ကို သမ္မတရာထူး ကျမ်းသစ္စာဆို

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် ဘယ်လာရုစ်နိုင်ငံ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လက်ရှိသမ္မတ အလက်ဆန်းဒါး လူကာရှန်ကိုသည် သတ္တမမြောက် သမ္မတရာထူး ကို မတ်လ ၂၅ ရက်တွင် တရားဝင် လက်ခံလိုက်ပါသည်။ ဘယ်လာရုစ်သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မက်စ်ရှိ လွတ်လပ်ရေးနန်းတော်တွင် ခမ်းနားစွာ ကျင်းပလျက်ရှိပါသည်။ 

နိုင်ငံတော်ထိပ်ပိုင်းအရာရှိများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များ ရှေ့မှောက်တွင် သမ္မတလူကာရှန်ကိုသည် ၎င်း၏ ညာဘက်လက်တွင် ဘယ်လာရုစ်နိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကိုင်ထားပြီး ဘယ်လာရုစ် ဘာသာစကားဖြင့် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ 

ထို့နောက် ၎င်းသည် သမ္မတရာထူးတာဝန်ကို အတည်ပြုကြောင်း အသိအမှတ်ပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ လူကာရှန်ကိုသည် ဘယ်လာရုစ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပေးအပ်သော သမ္မတလက်မှတ်ကို လက်ခံခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃