၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မွန်းတည့် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်ယွန်းယွန်းသို့ ရွေ့လျားပြီး ၁၀-၄-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈ဝ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
ရန်ကုန်မြိုနှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြိုနှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
ကိုးကား-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန