ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှား နိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဧပြီ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့သည်။
News Video
MM-News-Category