မြန်မာ့ငလျင် ဒဏ်ရာရသူ ၆၁ ဦးကို ၂၄ နာရီအတွင်း ဆေးကုသပေးခဲ့ကြောင်း ရုရှားအရေးပေါ်ဌာနထုတ်ပြန်
မကြာသေးမီက မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၆၁ ဦးကို ရုရှားနိုင်ငံ အရေးပေါ်အခြေအနေဝန်ကြီးဌာန၏ ရွေ့လျားဆေးရုံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆေး ကုသမှု ပြုလုပ်ပေးခဲ့ပြီး ၂၄ နာရီအတွင်း ခွဲစိတ်ကုသမှု ၂၄ ကြိမ်တိုင် လုပ်ဆောင်ပေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါသည်။
ထိုဝန်ကြီးဌာန၏ ရွေ့လျားမြေပြင်ဆေးရုံမှ ဆေးဘက်ဆိုင်ရာ ပညာရှင် များနှင့် စိတ်ကျန်းမာရေးပညာရှင်များက ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကလေး ၉ ဦးအပါအဝင် ဒဏ်ရာရရှိသူ ၆၁ ဦးကို ကုသပေးခဲ့ကြကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် လုပ်ငန်းများ စတင်ချိန်မှစ၍ ယနေ့အထိ ဒဏ်ရာ ရရှိသူစုစုပေါင်း ၁၃၇ ဦး (ကလေး ၁၄ ဦးအပါ) တို့ကို ကုသပေးပြီး ခွဲစိတ်ကုသမှု ၄၃ ကြိမ် လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ များက ပျက်စီးကျိုးပဲ့နေသည့် နေရာ ၁၀ နေရာတွင် လူများ ပိနေခြင်း၊ ပိတ်မိနေခြင်း ရှိ၊ မရှိ စတုရန်းမီတာ ၁၂,၁၀၀ ကျော် ဧရိယာ စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃