အမေရိကန်ပြည်ထောင်စုသည် ရုရှားဖက်ဒရေးရှင်း၊ ယူကရိန်းနိုင်ငံတို့နှင့် သဘောတူညီချက်များ မကြာမီ အချိန်အတွင်း၌ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ထား ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့
အမေရိကန်ပြည်ထောင်စုသည် ရုရှား၊ ယူကရိန်းနိုင်ငံ တို့နှင့် သဘောတူညီ ချက်များရရှိရန် မကြာမီအချိန်အတွင်း၌ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။ “စစ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို အဆုံးသတ်ရန် ရုရှား၊ ယူကရိန်းတို့နှင့် သဘောတူ ညီချက်တစ်ခုကို မကြာမီ အချိန်အတွင်း၌ ချုပ်ဆိုနိုင်ရန် ကျွန်တော်တို့က မျှော်လင့်ပါတယ်”ဟု အိမ်ဖြူတော်ရှိသတင်းထောက်များ၏မေးခွန်းများ ကို ဖြေကြားရာတွင် သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါသည်။
ထိုအပြင် အမေရိကန်သမ္မတ က တရုတ်နိုင်ငံသားများသည် ယူကရိန်း၌ ရုရှား၏ အထူးစစ်ဆင်ရေးတွင် ပါဝင်ပတ်သက်နေကြောင်း ယူကရိန်း အစိုးရ၏ စွပ်စွဲချက်များကို ဝါရှင်တန်က ထည့်သွင်းစဉ်းစားသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။“ကျွန်တော်တို့က ယင်းကို လေ့လာ စုံစမ်းသွားပါမယ်”ဟု သမ္မတဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောကြားခဲ့ ပါသည်။ “ဒါပေမယ့် ထိုအရာအပြင် မိမိတို့က ဤစစ်ပွဲကို ရပ်တန့်စေရန် အမှန်တကယ်ကြိုးစားနေပါတယ်” ဟု သမ္မတက အလေးထားပြောကြား ခဲ့ပါသည်။
ဧပြီလ ၇ ရက်နေ့တွင် ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က မှတ်ချက်ပြုပြောကြားခဲ့သည့်အတိုင်း သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာအကြံအစည်ကို ထောက်ခံ အားပေးသော်လည်း ယင်းအတွက် အကြောင်းအရာအချို့ကို ဖြေရှင်းရန် လိုအပ်နေပြီး ထိုအရာများသည် လောလောဆယ်တွင် မရေရာမသေချာ ဖြစ်နေဆဲပင်ဖြစ်ပါသည်။ ဧပြီလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေကျင်းအနေဖြင့် ၎င်းတို့၏စစ်သားများကို ယူကရိန်း ပဋိပက္ခတွင် ပါဝင်စေရန် စေလွှတ်ခဲ့ခြင်းမရှိကြောင်း အလေးအနက် ပြောကြားခဲ့ပြီး တိုင်းပြည်အစိုးရများသည် နိုင်ငံသားများအား တိုက်ပွဲ များ၌ ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားရန် တောင်းဆိုထားပါသည်။ ထိုမတိုင်မီ ယူကရိန်း၌ တရုတ်နိုင်ငံသားများသည် တိုက်ပွဲများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်းဆိုသော သတင်းအချက်အလက်များကို ဖြန့်ဝေ ခြင်းကို စတင်ခဲ့သည်။ ဗလာဒီမာ ဇယ်လင်စကီးသည် တရုတ်နိုင်ငံအား ယူကရိန်းရှိပဋိပက္ခသို့ ဆွဲသွင်းနေသည်ဟူ၍ မော်စကိုအပေါ် စွပ်စွဲ ပြောဆိုချက်များကို ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ် ကပယ်ချခဲ့ပါသည်။
ကိုးကား - Tass