ဘင်္ဂါလီအရေးနှင့် ဦးစားပေးကိစ္စရပ်များအတွက် ဘင်္ဂလားဒေ့ရှ်ယာယီ အစိုးရအဖွဲ့၏ အဓိကအကြံပေးချုပ် ယူနွစ်တ်၏ အဆင့်မြင့် ကိုယ်စားလှယ် ဒေါက်တာ ခါလီလူရ် ရာမှန်(Khalilur Rahman) အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ နိုင်ငံတော်အမျိုးသားလုံခြုံရေးအကြံပေး အဖြစ်ခန့်အပ်

News Image

  • ဘင်္ဂါလီအရေးနှင့် ဦးစားပေးကိစ္စရပ်များအတွက်  ဘင်္ဂလားဒေ့ရှ်ယာယီ အစိုးရအဖွဲ့၏ အဓိကအကြံပေးချုပ် ယူနွစ်တ်၏ အဆင့်မြင့် ကိုယ်စားလှယ် ဒေါက်တာ ခါလီလူရ် ရာမှန်(Khalilur Rahman) အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ နိုင်ငံတော်အမျိုးသားလုံခြုံရေးအကြံပေး အဖြစ်ခန့်အပ်

ကြေညာချက်အရ၊ ဝန်ကြီးဌာနအဖွဲ့သည် ပြန်တမ်းဝင်အမိန့်ကြော်ငြာစာကို ဧပြီလ ၇ ရက်နေ့ က ထုတ်ပြန်ခဲ့ပါသည်။ခါလီလူရ်ရာမှန်သည် ဘင်္ဂါလီ ကိစ္စဆိုင်ရာ အမြင့်ဆုံးကိုယ်စားလှယ်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင်သော ၎င်း၏ တာဝန် များကိုထမ်းဆောင်ရာတွင် အဓိကအကြံပေးချုပ် ယူနွစ်တ်ကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါ သည်။ 

“အဓိကအကြံပေးချုပ် ယူနွစ်တ် က ဆက်လက်ယုံကြည်အားထားမှုများ အတွက် မိမိအလွန်ကျေးဇူးတင်ပါတယ်။မိမိတာဝန်၏ လေးနက်မှုကိုလည်း ကောင်းကောင်းသဘောပေါက်ထားပြီး မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်”ဟု နိုင်ငံတော် အမျိုးသား လုံခြုံရေးအကြံပေး ခါလီလူရ်ရာမှန်က ပြောကြားခဲ့ပါသည်။

ခါလီလူရ်ရာမှန်သည် ၁၉၇၇ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ကျင်းပသော ပြည်သူ့ဝန်ထမ်းစာမေးပွဲတွင် ပထမရရှိကာ ၁၉၇၉ ခုနှစ်တွင် BCS (နိုင်ငံခြားရေး) သို့ ဝင်ရောက်ခဲ့ပါသည်။ 

၎င်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ်ရုံးတို့တွင် အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ 

၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ချုပ်သို့ အထူးအကြံပေးအဖြစ် ဝင်ရောက် ခဲ့ပြီး နောက်ထပ် ၂၅ နှစ်တာကာလအတွင်း ကုလသမဂ္ဂ၏ အဆင့်မြင့် ရာထူးများတွင် တာဝန်ယူခဲ့ပါသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် သူ့အား အကြံပေးတစ်ဦး၏ ရာထူးနှင့် အခွင့်အရေးများဖြင့် အမြင့်ဆုံးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့သည်။ 

၁၉၇၇ ခုနှစ်တွင် ဒါကာတက္ကသိုလ်၌ စီးပွားရေးပညာဖြင့် မဟာဘွဲ့ စာမေးပွဲတွင် ပထမရရှိခဲ့ပါသည်။ ၁၉၈၀-၈၃ ခုနှစ်များအတွင်း တပ်ဆ် တက္ကသိုလ်မှ Fletcher School of Law and Diplomacy နှင့် ဟားဗက်တက္ကသိုလ်မှ Kennedy School of Government တို့တွင် ပညာသင်ယူပြီး ဥပဒေနှင့်သံတမန်ရေးရာ MA ဘွဲ့နှင့် စီးပွားရေးပါပြီး PhD ဘွဲ့များ ရရှိခဲ့ပါသည်။ 

အဆိုပါအချက်အလက်ကိုလည်း အဓိကအကြံပေးချုပ်ရုံးမှ အတွင်းဝန် ရှာဖီကူ အာလမ်က ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ချက်တွင် မျှဝေထား ပါသည်။ 

ကိုးကား - daily star