ရုရှားနှင့်ယူကရိန်းတို့သည် လာမည့်သီတင်းပတ်တွင် သဘောတူညီချက်တစ်ရပ်ကို ရရှိလိမ့်မည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်နေ

News Image

  • ရုရှားနှင့်ယူကရိန်းတို့သည် လာမည့်သီတင်းပတ်တွင် သဘောတူညီချက်တစ်ရပ်ကို ရရှိလိမ့်မည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်နေ

ရုရှားနှင့်ယူကရိန်းတို့သည် လာမည့်သီတင်းပတ်တွင် သဘောတူညီချက်တစ်ရပ်ကို ရရှိလိမ့်မည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်နေကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအရေး အဖြေရှာရေးအတွက် လာမည့်သီတင်းပတ်တွင် သဘောတူညီချက်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ယင်းနှင့်ပတ်သက်သည့် ကြေညာချက်ကို ၎င်း၏လူမှုကွန်ရက်Truth Socialတွင် ဖော်ပြခဲ့ပါသည်။

“ရုရှားနှင့် ယူကရိန်းတို့ ယခုသီတင်းပတ်ထဲမှာ သဘောတူညီချက် ရလိမ့်မည်ဟု မျှော်လင့်ပါကြောင်း” အမေရိကန်သမ္မတက ရေးသားခဲ့ပါသည်။ ၎င်း၏အဆိုအရ ထိုသို့ဖြစ်လာပါက (ရုရှား-အမေရိကန်) နှစ်ဖက်စလုံးသည် “စီးပွားရေးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ကိုင်တော့မည်” ဖြစ်ပါသည်။

ကိုးကား - Tass