မေ ၉ တွင် စွမ်းအင်လုံခြုံရေးကိစ္စ ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ဆားဘီးယားသမ္မတ ပြော

News Image

  • မေ ၉ တွင် စွမ်းအင်လုံခြုံရေးကိစ္စ ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ဆားဘီးယားသမ္မတ ပြော

ဆားဘီးယားသမ္မတ Aleksandar Vucic သည် မေလ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် နှစ် ၈၀ ပြည့် ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အခမ်းအနား တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ၍ ဆားဘီးယား၏ ရေနံ၊ သဘာဝ ဓာတ်ငွေ့စသည့်ကိစ္စများအပြင် အခြားအရာအားလုံးကို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း မီဒီယာများကို ပြောကြားလိုက်ပါသည်။

Vucic သည် ယခင်က မော်စကိုသို့ သွားရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများ မြင့်တက်နေသော်လည်း မေလ ၉ ရက်တွင် ခရီးစဉ်ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့သည်။ ထို့ပြင် ၎င်းက “ယခုခရီးစဉ်ကြောင့် ၎င်း၏ခေါင်းပေါ် မိုးကောင်းကင်ကြီး ပြိုလာမည့် အခြေအနေဖြစ်နေပြီ” ဟု သရော်စာသံဖြင့် မှတ်ချက်ပြုခဲ့သည်။ သို့သော် ဆားဘီးယားလူမျိုးများအနေဖြင့် ဖက်ဆစ်ဝါဒကို တော်လှန်ခဲ့သည့် သမိုင်းကြောင်းကို ဂုဏ်ယူ၍ ထိုဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်း ဖြစ်သည် ဟု Vucic က အလေးအနက်ထည့်သွင်းပြောဆိုထားပါသည်။ 

ဆားဘီးယားသမ္မတ Vucic သည် မေလ ၉ ရက်က ကျင်းပမည့် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကရင်မလင် ကလည်း မတ်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာထားပါသည်။

ကိုးကား- TASS

Photo: Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃