ဆွေးနွေးပွဲအရေးကြီးအချက်အလက်များကို မီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည့် ဇီလန်စကီးကို အိမ်ဖြူတော်ဝေဖန်
အိမ်ဖြူတော်က ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အထိခိုက်မခံနိုင်သော အချက်အလက်များကို အများအပြားထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဗလာဒီမာ ဇီလန်စကီးအား ဝေဖန်ခဲ့သည်။
အင်္ဂါနေ့(ဧပြီ ၂၂)က ထုတ်ပြန်ချက်အရ ဇီလန်စကီးက ငြိမ်းချမ်းရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရုရှားအတွက် နယ်မြေ ဆိုင်ရာလျှော့ပေးမှုများ (ခရိုင်းမီးယားကို ရုရှားနယ်မြေအဖြစ် အသိအမှတ် ပြုခြင်းအပါအဝင်) အမေရိကန်၏ အဆိုပြုချက်ကို အများအပြား ငြင်းပယ် ခဲ့သည်။ ယခုလုပ်ရပ်သည် အမေရိကန်အရာရှိများကို ဒေါသထွက်စေပြီး နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗုဒ္ဓဟူးနေ့(ဧပြီ ၂၃) တွင် လန်ဒန်၌ ဥရောပနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးပွဲ ကို တက်ရောက်ခြင်း မပြုခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ် (Karoline Leavitt) က ဇီလန်စကီး၏ မီဒီယာများနှင့် ပြုလုပ်ခဲ့သော မကြာသေးမီက ပြောကြားချက်များနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ စိတ်မကျေနပ်မှုကို ဖော်ပြခဲ့သည်။
“ဝမ်းနည်းစရာကောင်းသည်မှာ ဇီလန်စကီးသည် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲကို မီဒီယာများမှတစ်ဆင့် အများအပြားဖော်ပြရန် ကြိုးစားနေပါသည်။ ထိုအချက်က သမ္မတအတွက် လက်မခံနိုင်စရာပါ” ဟု လီဗစ်က ပြောကြားခဲ့သည်။
လီဗစ်က ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် ထိုသို့သော ဆွေးနွေးပွဲများကို လျှို့ဝှက်စွာ ဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂