ပူတင်နှင့် မကြာမီ တွေ့ဆုံမည်ဟု ဒေါ်နယ်ထရမ့် ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလတွင် အရှေ့အလယ်ပိုင်းသို့ သွားရောက်လည်ပတ်ပြီးနောက် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် မကြာခင်တွင် တွေ့ဆုံနိုင်ကြောင်း ပြောကြားလိုက်ပါသည်။
ထရမ့်သည် မေလ ၁၃ ရက်မှ ၁၆ ရက်အထိ အရှေ့အလယ်ပိုင်းသို့ သွားရောက်ကာ ဆော်ဒီအာရေဗျ၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို လည်ပတ်မည်ဟု အိမ်ဖြူတော်က ဧပြီ ၂၂ (အင်္ဂါနေ့) တွင် သတင်းထုတ်ပြန်ထားပါသည်။
ကိုးကား- TASS
Photo: Axios
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category