ဇီလန်စကီး၏ Megaphone Diplomacy ကို လက်မခံနိုင်ကြောင်း အိမ်ဖြူတော် ထုတ်ဖော်ပြောကြား

News Image

  • ဇီလန်စကီး၏ Megaphone Diplomacy ကို လက်မခံနိုင်ကြောင်း အိမ်ဖြူတော် ထုတ်ဖော်ပြောကြား

ယူကရိန်းသမ္မတဇီလန်စကီး၏ Megaphone Diplomacy (သတင်းမီဒီယာများကတစ်ဆင့် အပြန်အလှန်စွပ်စွဲခြင်း) နည်းလမ်းကို အမေရိကန်အစိုးရက လက်မခံနိုင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က သတင်းထောက်များအား ပြောကြားလိုက်ပါသည်။

“ဇီလန်စကီးသည် ငြိမ်းချမ်းရေးဆွေးနွေးမှုကို သတင်းစာများကတစ်ဆင့်လုပ်ဆောင်နေပြီး ၎င်းမှာ သမ္မတထရမ့်အတွက် လက်မခံနိုင်သောအရာ ဖြစ်ပါကြောင်း၊ အဆိုပါဆွေးနွေးမှုများကို တံခါးပိတ်အစည်းအဝေးများအနေဖြင့် ပြုလုပ်သင့်ပါကြောင်း” သူမက ဖြည့်စွက်ပြောဆိုခဲ့ပါသည်။ 

ထို့ပြင် “ယူကရိန်းသည် ခရိုင်းမီးယားကို ရုရှား၏အစိတ်အပိုင်းအဖြစ် အသိအမှတ်မပြုနိုင်” ဟု ဇီလန်စကီးက ယခုလတွင်ပြောကြားခဲ့ရာ ထရမ့် အစိုးရက ၎င်းစကားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အဟန့်အတားဖြစ်စေသည်ဟုမြင်ကြောင်း၊ ခရိုင်းမီးယားကိစ္စသည် ၂၀၁၄ ခုနှစ် ကတည်းက (အိုဘားမား သမ္မတသက်တမ်းအတွင်း) အဆုံးသတ်သွားပြီဖြစ်ကာ ဆွေးနွေးစရာမလိုဟု ထရမ့်က ယခုအပတ်တွင် ပြောကြားခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃