UAE သမ္မတ အယ်လ်နာဟာယန်ကို ကျေးဇူးတင်ကြောင်း ပူတင် ပြောကြား

News Image

  • UAE သမ္မတ အယ်လ်နာဟာယန်ကို ကျေးဇူးတင်ကြောင်း ပူတင် ပြောကြား

ယူကရိန်း-ရုရှား အကျဉ်းသားလဲလှယ်ရေးလုပ်ငန်းများအတွက် ကူညီခဲ့မှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က UAE သမ္မတ မိုဟာမက် ဘင် ဇာယက် အယ်လ်နာဟာယန်နှင့် ဖုန်းဆက်သွယ်ကြရာတွင် ပြောကြားလိုက်ပါသည်။ 

UAE ကြိုးပမ်းမှုများကြောင့် အီစတာပွဲတော်မတိုင်မီ (ဧပြီ ၁၉) တွင် ရုရှားစစ်မှုထမ်း ၂၄၆ ဦးသည် ၎င်းတို့ နေအိမ်ပြန်ရောက်ခဲ့ကြသည် ဟု ကရင်မလင်က ထုတ်ပြန်ထားပါသည်။   UAE ၏ အကျဉ်းသားလဲလှယ်ရေး စီစဉ်မှုများအတွက် ကူညီပေးမှုကို ပူတင်က ချီးကျူးခဲ့ပါသည်။ 

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃