ထရမ့် ဆန့်ကျင်ရေးအဖွဲ့များက မေးဒေးနေ့တွင် ၅၀၅၀၁ လှုပ်ရှားမှု ပြုလုပ်ခဲ့

News Image

  • ထရမ့် ဆန့်ကျင်ရေးအဖွဲ့များက မေးဒေးနေ့တွင် ၅၀၅၀၁ လှုပ်ရှားမှု ပြုလုပ်ခဲ့

သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်းအတွင်း အစိုးရမူဝါဒများကို မကြိုက်နှစ်သက်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများကို အမေရိကန် နိုင်ငံတစ်ဝှမ်း၌ပြုလုပ်ခဲ့ပြီး အဆိုပါလှုပ်ရှားမှုကို ၅၀၅၀၁ ဟု အမည်ပေးထားကြောင်းသိရှိရသည်။ အမေရိကန် ပြည်နယ် ၅၀ အတွင်း ဆန္ဒပြပွဲ ၅၀ ကို မေလ ၁ ရက်နေ့ (နိုင်ငံတကာ အလုပ်သမားနေ့) တွင် ပြုလုပ်သည်ဟု အဓိပ္ပာယ်ရပါသည်။ 

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်တွင် အမေရိကန်တစ်ဝှမ်းရှိ မြို့ကြီးများတွင် အလုပ်သမားများ၏ အမွေအနှစ်များကို ဂုဏ်ပြုသောအားဖြင့် ၈ နာရီ ကြာ ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ Trump အုပ်ချုပ်ရေးယန္တရား အီလွန်မက်နှင့် စည်းစိမ်ဥစ္စာလိုလားသော မူဝါဒများကို ကာကွယ်ရန် မေလ ၁ ရက်နေ့ ဆန္ဒပြပွဲများကို “အမျိုးသားစည်းလုံးညီညွတ်ရေးနေ့” ဟု ခေါ်ဆိုခဲ့ကြသည်။ 

၁၈၈၀ ခုနှစ်များအတွင်း စတင်ခဲ့သော အဆိုပါနေ့သည် အလုပ်ချိန် ရှစ်နာရီနှင့် အခြားမရှိမဖြစ်လိုအပ်သော အလုပ်သမားကာကွယ်မှုများအတွက် တိုက်ပွဲဝင်ခဲ့ကြသော အမေရိကန် အလုပ်သမားများ၏ ကြိုးပမ်းအားထုတ်မှု အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ မေဒေးနေ့သည် အမေရိကန်တွင် တရားဝင်ရုံးပိတ်ရက်မဟုတ်သော်လည်း ကနေဒါ နှင့် ဥရောပ ကဲ့သို့သော နိုင်ငံအများအပြားတွင် မေဒေးနေ့သည် ဆန္ဒပြပွဲများ၊ ချီတက်ပွဲများနှင့် အလုပ်သမားအခွင့်အရေးများကို အဓိကထား လုပ်ဆောင်သည့် နိုင်ငံရေးလှုပ်ရှားမှုများအတွက် အဓိကရက်စွဲတစ်ခု ဖြစ်လာခဲ့ပါသည်။

ကိုးကား-Myanmar National Post