Victory Day အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ဘယ်လာရုစ် အထက်လွှတ်တော် အတည်ပြု

News Image

  • Victory Day အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ဘယ်လာရုစ် အထက်လွှတ်တော် အတည်ပြု

ဘယ်လာရုစ် အမျိုးသားညီလာခံ၏ အထက်လွှတ်တော်ဖြစ်သော ကောင်စီအဖွဲ့သည် Great Patriotic War အောင်ပွဲ၏ ၈၀နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းအား အတည်ပြုလိုက် ကြပါသည်။ 

ထိုဥပဒေကြမ်းအရ အကျဉ်းသား စုစုပေါင်း ၈,၀၀၀ နီးပါးခန့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဟု မျှော်မှန်းရကြောင်း ပြည်ထဲရေးဝန်ကြီး Ivan Kubrakov က အထက်လွှတ်တော်အမတ်များထံ ဥပဒေကြမ်းကို တင်ပြ ရာတွင် ပြောကြားခဲ့ပါသည်။

ယင်းမတိုင်မီက ဘယ်လာရုစ် အောက်လွှတ်တော်ဖြစ်သော ကိုယ်စားပြု လွှတ်တော်သည် ယင်းဥပဒေကြမ်းအား အတည်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ 

ကိုးကား- TASS

Photo: Belarusian news

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃