ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်သည် ကာတာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာဝန်ကြီးတို့နှင့် ဒိုဟာမြို့တွင် တွေ့ဆုံ

News Image

  • ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်သည် ကာတာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာဝန်ကြီးတို့နှင့် ဒိုဟာမြို့တွင် တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်သည် ကာတာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ဝန်ကြီး မစ္စတာ ရှိုက် ဆာအူးဒ် ဘင် အဗ္ဗဒူရ်ရာမန် ဘင်ဟာဆန် ဘင် အလီ အလ်-သာနီနှင့် ဒိုဟာမြို့တွင် တွေ့ဆုံခဲ့ပါသည်။

ယမန်နေ့ (မေလ ၄ ရက်နေ့) တွင် ဒိုဟာမြို့၌ ကာတာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ဝန်ကြီး မစ္စတာ ရှိုက် ဆာအူးဒ် ဘင် အဗ္ဗဒူရ်ရာမန် ဘင် ဟာဆန် ဘင် အလီ အလ်-သာနီနှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်တို့ တွေ့ဆုံ ခဲ့ကြပါသည်။

ကာတာသတင်းစာ Qatar Tribune ၏ ဖော်ပြချက်အရ၊ အဆိုပါ တွေ့ဆုံမှု တွင် အပြန်အလှန်အကျိုးစီးပွားရှိသောကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများ ရှာဖွေခြင်း အပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာတာ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျာဆင်ဘင် မိုဟာမက် အလ်မန်နိုင်း အပါအဝင် နှစ်နိုင်ငံမှ အကြီးတန်းအရာရှိများ နှင့် တပ်မှူးများ တက်ရောက်ခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယခုအခါ ကာတာ နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး ၎င်းသည် မေလ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ရောက်ရှိရန် စီစဉ် ထားပါသည်။

ကိုးကား - Qatar Tribune