၂၀၂၅ ဩစတြေးလျ ရွေးကောက်ပွဲ Anthony Albanese ၏ လေဘာ ပါတီ အနိုင်ရရှိ

News Image

  • ၂၀၂၅ ဩစတြေးလျ ရွေးကောက်ပွဲ Anthony Albanese ၏ လေဘာ ပါတီ အနိုင်ရရှိ

၂၀၂၅ ဩစတြေးလျ ဖက်ဒရယ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် Anthony Albanese ဦးဆောင်သော လေဘာပါတီက အံ့ဩဖွယ် အနိုင်ရရှိခဲ့ပါသည်။ ၎င်းပါတီအနေဖြင့် လွှတ်တော်အမတ်နေရာ အများစုကို ရရှိကာ ဒုတိယ သက်တမ်းအတွက် အာမခံနိုင်ခဲ့ပြီဖြစ်ပါသည်။ 

ယခုရလဒ်မှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လက်ရှိ ဝန်ကြီးချုပ် တစ်ဦး နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခြင်းဖြစ်ကာ Anthony Albanese ကို ဩစတြေးလျ နိုင်ငံရေးတွင် အပြောင်းအလဲဖော်ဆောင်နိုင်သော ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်ပါသည်။ 

လေဘာပါတီသည် အောက်လွှတ်တော်တွင် ယခင်က အမတ်နေရာ ၇၈ နေရာသာ ရရှိခဲ့သော်လည်း ယခုသက်တမ်းတွင် အမတ်နေရာ ၈၇ နေရာ ရရှိသွားပါသည်။ လစ်ဘရယ်နေရှင်နယ် မဟာမိတ်အဖွဲ့သည် ၃၉ နေရာ သာ ရရှိခဲ့ပြီး သမိုင်းတွင် အဆိုးရွားဆုံးရလဒ်ဖြစ်ခဲ့ပါသည်။ 

Anthony Albanese သည် ၂၀၀၄ ခုနှစ်က John Howard ပြီးနောက် ပထမဆုံးသော နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိသော ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃