ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman သည် ကာတာနိုင်ငံသို့ တရားဝင် ခရီးစဉ်ပြီးဆုံးပြီးနောက် မေလ ၅ နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ
ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာတာနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာတာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်တွင်းလုံခြုံရေး တပ်ဖွဲ့ (လက်ထောက်တပ်မှူး) အပါအဝင် အရပ်ဘက်/စစ်ဘက် အရာရှိကြီး များနှင့် ဂါရဝပြုတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မေလ ၃ ရက် (စနေနေ့)တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်အကြီးအကဲသည် ကာတာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Sheikh Joaan bin Hamad bin Khalifa Al Thani အား ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံစဉ် နှစ်နိုင်ငံ အိုလံပစ်ကော်မတီများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားဆိုင်ရာ လေ့ကျင့်ရေး ပံ့ပိုးမှု၊ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိုလံပစ်ကျေးရွာ ထူထောင်ရေးအလားအလာအပါအဝင် အပြန်အလှန် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။
မေလ ၄ ရက် (တနင်္ဂနွေနေ့) တွင် ဘင်္ဂလားဒေ့ရှ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကာတာနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး HEikh Saoud bin Abdulrahman bin Hassan bin Ali Al Thani၊ ၊ ပြည်ထဲရေးဝန်ကြီး Sheikh Abdulaziz bin Faisal bin Mohammed Al Thani တို့နှင့် သီးခြားတွေ့ဆုံခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကာကွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားဖလှယ်ရေး လမ်းကြောင်းများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
ယင်းနေ့တွင်ပင် ကာတာတပ်မတော်၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Jassim bin Mohammed bin Ahmed Al Mannai နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရေး၊လေ့ကျင့်ရေး ပံ့ပိုးမှု၊ ပူးတွဲ လေ့ကျင့်ရေး လုပ်ငန်းစဉ်များ၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သင်တန်းသား ဖလှယ်ရေး၊ ဘင်္ဂလားဒေ့ရှ် တပ်မတော် အငြိမ်းစား အဖွဲ့ဝင်များအတွက် ကာတာနိုင်ငံ၌ အလုပ်အကိုင် အခွင့်အလမ်းများကို မီးမောင်းထိုးပြခဲ့ပါသည်။
မေလ ၃ ရက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲသည် ဒါကာမှ တရားဝင်ခရီးစဉ်အတွက် ကာတာနိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။
ကိုးကား - bss