ဂျာမနီဝန်ကြီးချုပ်သစ်အတွက် Friedrich Merz အရွေးချယ်ခံမည်

News Image

  • ဂျာမနီဝန်ကြီးချုပ်သစ်အတွက် Friedrich Merz အရွေးချယ်ခံမည်

ဂျာမနီဝန်ကြီးချုပ်ရာထူးအတွက် ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ (CDU) ခေါင်းဆောင် Friedrich Merz အား ဘန်ဒက်စတက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ 

ဂျာမနီတွင် အစိုးရခေါင်းဆောင်ရာထူးဖြစ်သည့် ဝန်ကြီးချုပ်နေရာကို သမ္မတ အဆိုပြုချက်အပေါ် အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လျှို့ဝှက်မဲဖြင့် ရွေးချယ် တင်မြှောက် ကြရပါသည်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသည့် ပါတီမှ ကိုယ်စားလှယ်ကို ရွေးချယ်လေ့ရှိပါသည်။ ယခုမဲအများဆုံး ရရှိ သည့် ပါတီမှာ Friedrich Merz ၏ CDU ဖြစ်နေပါသည်။

လွှတ်တော်ရွေးကောက်ပွဲပြီးနောက် ၁၀ ပတ်အကြာတွင် ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) နှင့် CDU/CSU ၏ ကွန်ဆာဗေးတစ်အဖွဲ့တို့သည် ညွန့်ပေါင်းအစိုးရသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး Friedrich Merz အား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရန် လမ်းစဖွင့်ပေးခဲ့ကြပါသည်။ အစိုးရခေါင်းဆောင်ဖြစ်လာရန် Friedrich Merz သည် လွှတ်တော်ကိုယ်စားလှယ် ၆၃၀ ဦးအနက် ၃၁၆ ဦး၏ ထောက်ခံမဲရရှိရန် လိုအပ်ပါသည်။

ကိုးကား- TASS 

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃