ဂျာမနီဝန်ကြီးချုပ်အဖြစ် Friedrich Merz အရွေးချယ်ခံရ

News Image

  • ဂျာမနီဝန်ကြီးချုပ်အဖြစ် Friedrich Merz အရွေးချယ်ခံရ

မေ ၆ ရက်တွင် ကျင်းပသော ဂျာမနီဝန်ကြီးချုပ်ရာထူးသစ်အတွက် ဘန်ဒက်စတက်လွှတ်တော်က ဒုတိယအကြိမ်မြောက် မဲခွဲတင်သွင်းကြရာ၌ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Friedrich Merz သည် ထောက်ခံမဲ ၃၂၅ မဲ ရရှိကာ ဂျာမနီဝန်ကြီးချုပ်ရာထူးကို အရွေးချယ်ခံလိုက်ပါသည်။

ဂျာမနီလွှတ်တော်၏တရားဝင်ဝက်ဘ်ဆိုက်မှ ယင်းနေ့တိုက်ရိုက် ထုတ်လွှင့်ကြေညာချက်အရ Friedrich Merz သည် သတ်မှတ်ထားသော အများစုမဲ ၃၁၆ မဲထက် ကျော်လွန်၍ ၃၂၅ မဲရရှိခဲ့ပြီး ဆန့်ကျင်မဲ ၂၈၉ မဲနှင့် ကြားနေမဲ ၁ မဲဖြင့် ဂျာမနီဝန်ကြီးချုပ်နေရာအတွက် အနိုင်ရသွားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃