ယူကရိန်းတောင်းဆိုမှုကို လျစ်လျူရှု၍ ဘရာဇီးသမ္မတ Lula da Silva မော်စကိုသို့ တိုက်ရိုက်သွားမည်

News Image

  • ယူကရိန်းတောင်းဆိုမှုကို လျစ်လျူရှု၍ ဘရာဇီးသမ္မတ Lula da Silva မော်စကိုသို့ တိုက်ရိုက်သွားမည်

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် မေလ ၉ ရက် မော်စကိုတွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့၏ ၈၀ နှစ်မြောက် အခမ်းအနားတက်ရောက်ရန် ရုရှားသို့မဝင်မီ ယူကရိန်းအစိုးရ၏ ကိယက်သို့ ဦးစွာ လာရောက်ရန် တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ကြောင်း Metropoles သတင်းစာ၏ အရင်းအမြစ်များအရ သိရပါသည်။ 

ထိုအခြေအနေအရ ယူကရိန်းသည် ဘရာဇီးနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချရန် ရွေးချယ်စရာများကို စတင်စဉ်းစားနေပြီဖြစ်ကြောင်း Metropoles ၏ ဖော်ပြချက်အရ သိရပါသည်။

ရုရှားခရီးစဉ်အတွင်း ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က ငြိမ်းချမ်းရေးသံတမန်အဖြစ် ဆောင်ရွက်ကာ ပဋိပက္ခဖြေရှင်းရေး စကားဝိုင်းစတင်ရန် ရည်ရွယ်ထားခဲ့ကြောင်း အစောပိုင်းက ဘရာဇီးသမ္မတ၏ အကြံပေးချုပ် Celso Amorim က Lula da Silva က ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: iz.ru

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃