BRICS အဖွဲ့ထဲ ဝင်ရောက်ရန် စီစဉ်နေကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးပြောကြား

News Image

  • BRICS အဖွဲ့ထဲ ဝင်ရောက်ရန် စီစဉ်နေကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဗင်နီဇွဲလားသည် BRICS အဖွဲ့သို့ ပူးပေါင်းမည့် အစီအစဉ်များကို စွန့်လွှတ်ခြင်းမရှိသေးဘဲ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၊ BRICS နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် မိမိတို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Yvan Gil Pinto က TASS သို့ ပြောကြားလိုက်ပါသည်။ 

ဗင်နီဇွဲလား ခေါင်းဆောင် Nicolas Maduro သည် မေလ ၇ ရက်နေ့က မော်စကိုသို့ ရောက်ရှိခဲ့ပါသည်။ ယခုလာရောက်သည့် ၎င်း၏ ရုရှား ခရီးစဉ်မှာ ၈ ကြိမ်မြောက်ဖြစ်ပါသည်။ နိုင်ငံခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီးနောက် ရုရှား-ဗင်နီဇွဲလား ပြီးပြည့်စုံသော မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ကိုးကား- TASS

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃