တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာထောက်ခံပြီး ထိုင်ဝမ်အား တရုတ်၏ ခွဲထုတ်မရသော အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားက ထပ်လောင်းအတည်ပြုပြောကြား
နာဇီဂျာမနီကို အောင်ပွဲခံသည့် ၈၀ နှစ်မြောက် အထိမ်းအမှတ်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနက်ရှိုင်းစေရန် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ရုရှားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာကြောင်း ထပ်လောင်းအတည်ပြုလိုက်ပါသည်။
ရုရှားသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်မံအတည်ပြုပါသည်။ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်ခုသာရှိပြီး ထိုင်ဝမ်သည် တရုတ်ပြည်မ၏ ခွဲခြားမရနိုင်သော နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အာဏာပိုင်ဖြစ်သည် ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။
ရုရှားအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးဆိုင်ရာ မည်သည့်လှုပ်ရှားမှုကိုမဆို အပြတ်အသတ် ကန့်ကွက်ပြီး တရုတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပြည့်စုံမှုကို ကာကွယ်ရန် လုပ်ဆောင်ချက်များအပေါ် ခိုင်မာစွာ ထောက်ခံကြောင်း၊ အထူးသဖြင့် နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ကို ရုရှားက အလေးထားကြောင်း ဖော်ပြထားပါသည်။
ကိုးကား- TASS
Photo: Report.az
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃