ထရမ့်တစ်ယောက် ၎င်း၏အလုပ် ၎င်းမလုပ်ဘဲ ရုရှားခေါင်းဆောင်များနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ဟု ဘိုင်ဒင် ဝေဖန်

News Image

  • ထရမ့်တစ်ယောက် ၎င်း၏အလုပ် ၎င်းမလုပ်ဘဲ ရုရှားခေါင်းဆောင်များနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ဟု ဘိုင်ဒင် ဝေဖန်

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်သည် ၎င်း၏ တာဝန်များကို မဖြည့်ဆည်းနိုင်ဘဲ နေတိုးအဖွဲ့ ညီညွတ်မှုကို အားနည်းစေရန် ပြုလုပ်နေပြီး ရုရှားခေါင်းဆောင်များနှင့် ဆက်သွယ်ရန် ကြိုးစား နေသည်ဟု ဝေဖန်လိုက်ပါသည်။

“ရိုးရိုးသားသားပြောရမည်ဆိုပါက ထရမ့်သည် အမေရိကန်၏ အကျိုး စီးပွားအတွက် အကျိုးမရှိသည့်အလုပ်များသာ လုပ်နေပါသည်” ဟု ဘိုင်ဒင်က ABC နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ထရမ့်၏ ရုရှားခေါင်းဆောင်နှင့် ဆက်ဆံရေးကို အများရှေ့မှာ ပြသနေမှုများမှာ နေတိုးအဖွဲ့ ညီညွတ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ကြောင်း ဘိုင်ဒင်က စိုးရိမ်စွာဖြင့် ဖြေကြားသွားပါသည်။

နေတိုးအဖွဲ့ကို ဝေဖန်တတ်ပြီး မဟာမိတ်ဥရောပများအား ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန် တောင်းဆိုမှုများကြောင့် လူသိများသည့် ထရမ့်နှင့်မတူဘဲ   ဘိုင်ဒင်သည် ၎င်း၏လက်ထက်တွင် ဆန့်ကျင်ဘက် ချဉ်းကပ်မှုကို ကျင့်သုံးခဲ့ပါသည်။ 

၂၀၂၁ မြူးနစ်အစည်းအဝေးတွင် အမေရိကန်သည် နေတိုးမဟာမိတ်အဖွဲ့ အတွက် အပြည့်အဝ ကတိကဝတ်ပြုထားပြီးဖြစ်ပါကြောင်း၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်သည် ဥရောပစီမံကိန်းနှင့် မဟာမိတ်အဖွဲ့ကို အားနည်းစေလိုကြောင်း သတိပေးပြောကြားခဲ့ပါသည်။

ကိုးကား- Oreanda

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃