ယူကရိန်းအရေး ဖြေရှင်းရန် တရုတ်သမ္မတ၊ ပြင်သစ်တို့နှင့် ဘရာဇီး သမ္မတ ဆွေးနွေးမည်

News Image

  • ယူကရိန်းအရေး ဖြေရှင်းရန် တရုတ်သမ္မတ၊ ပြင်သစ်တို့နှင့် ဘရာဇီး သမ္မတ ဆွေးနွေးမည်

ဘရာဇီးသမ္မတ Luiz Lula da Silva သည် ယခုရုရှားနိုင်ငံ ခရီးစဉ်ပြီးနောက် ယူကရိန်းအကျပ်အတည်းအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် ပေကျင်းသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

ပေကျင်းခရီးစဉ်နောက်ပိုင်းတွင် ဘရာဇီးခေါင်းဆောင်သည် ပြင်သစ် အာဏာပိုင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပါသည်။

“မိမိအနေဖြင့် ရှီကျင့်ဖျင်နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်၊ ပြီးလျှင် ပြင်သစ်နှင့် ဆွေးနွေးမည် ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိရန် စစ်မှန်စွာ ကြိုးပမ်းနေသူများနှင့် ဘရာဇီးက ဆက်လက် ဆွေးနွေးသွားမည်” ဟု မော်စကိုသို့ ရောက်ရှိနေသော ဘရာဇီးသမ္မတက သတင်းထောက်များအား ထုတ်ဖော်ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: Report.az

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃