ဥရောပခေါင်းဆောင်များ ယူကရိန်းသို့ ထွက်ခွာပြီ

News Image

  • ဥရောပခေါင်းဆောင်များ ယူကရိန်းသို့ ထွက်ခွာပြီ

ဂျာမန်ဝန်ကြီးချုပ် Friedrich Merz၊ ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့သည် ယူကရိန်းနိုင်ငံ ကိယက်ဗ် မြို့သို့ ထွက်ခွာသွားကြပြီဟု DPA သတင်းဌာနက ဆိုထား ပါသည်။

ထိုဥရောပခေါင်းဆောင်များသည် ပိုလန်ဝန်ကြီးချုပ် Donald Tusk နှင့်အတူ စနေနေ့ (မေ ၁၀) တွင် Volodymyr Zelensky နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ယင်းသတင်းဌာနက ဖော်ပြထားပါသည်။ ယူကရိန်း အား နောက်ထပ်ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် မျှော်မှန်းထားကြ သည်ဟု သိရပါသည်။

DPA ၏ဖော်ပြချက်အရ ဥရောပခေါင်းဆောင်များသည် အမေရိကန်သမ္မတ Donald Trump ၏ အပြည့်အဝနှင့် ကန့်သတ်ချက်မရှိသော စစ်ရပ်စဲရေး တောင်းဆိုချက်ကို ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ထောက်ခံခဲ့ကြပါ သည်။ ထိုစစ်ရပ်စဲမှုသည် မျှတ၍ ခိုင်မာသော ငြိမ်းချမ်းရေးဆွေးနွေး မှုများ အတွက် အခွင့်အလမ်းဖန်တီးရန် ရည်ရွယ်ထားသည်ဟု ၎င်းတို့ ယုံကြည် ကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃