ထရမ့်အစိုးရ၏ မွေးရာပါ နိုင်ငံသားအခွင့်အရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အမေရိကန်တရားလွှတ်တော်ချုပ် ကြားနာ

News Image

  • ထရမ့်အစိုးရ၏ မွေးရာပါ နိုင်ငံသားအခွင့်အရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အမေရိကန်တရားလွှတ်တော်ချုပ် ကြားနာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ရှေ့နေများနှင့် မွေးရာပါ နိုင်ငံသားအခွင့်အရေး ဖျက်သိမ်းရေးကြိုးပမ်းမှုကို လုပ်ဆောင်နေသည့် ရှေ့နေများကို အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ တရားသူကြီးများက မေးမြန်းစစ်ဆေးခဲ့ပါသည်။

ကြာသပတေးနေ့ (မေ ၁၅) က ကျင်းပခဲ့သည့် အထက်ပါကြားနာမှုသည် အမေရိကန်တွင် မွေးဖွားသည့် ကလေးငယ်အားလုံးနီးပါးကို ၎င်းတို့မိဘ များ၏ တရားဝင် အခြေအနေမရွေး နိုင်ငံသားအဖြစ် သတ်မှတ်ပေးသည့် ရာစုနှစ်ကျော်ရှိပြီဖြစ်သော မူဝါဒကို ဖျက်သိမ်းရန် ထရမ့်၏ ဇန်နဝါရီ ၂၀ ရက် အမိန့်နှင့်သက်ဆိုင်သည့် အမှုကို အမေရိကန်အမြင့်ဆုံးတရားရုံးက ပထမဆုံးအကြိမ် ကြားနာခြင်းခြင်းဖြစ်ပါသည်။

သို့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အဆိုပါအမှုကို မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ကို ချက်ချင်း မသိရသေး သော်လည်း ရလဒ်ထွက်ပေါ်ရန် ရက်သတ္တပတ်များစွာ ကြာမြင့်နိုင် ပါသည်။ ထို့အပြင် တရားသူကြီးများက ထရမ့်၏အမိန့်ကို   ဖွဲ့စည်းပုံ အခြေခံ ဥပဒေအညီ ကိုင်တွယ်မည်လား၊ သို့မဟုတ် ဖက်ဒရယ်တရားရုံး တရား သူကြီးများအနေဖြင့် သမ္မတအမိန့်တစ်ရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အကောင်အထည်ဖော်ခြင်းကို တားဆီးပိတ်ပင်နိုင်မည်လား ဆိုသည် မှာ မရှင်းလင်းသေးပါ။

မြို့တော်ဝါရှင်တန်ရှိ တရားလွှတ်တော်ချုပ်အပြင်ဘက်တွင် စုဝေး ဆန္ဒပြ သူများနှင့် ဥပဒေပြုလွှတ်တော်အမတ်များက အမေရိကန်၏ မွေးရာပါ နိုင်ငံသားအခွင့်အရေးကို စိန်ခေါ်သည့် မည်သည့်ဆုံးဖြတ်ချက်မဆို အမေရိကန်၏ အမျိုးသားရေးဖွဲ့စည်းပုံကို ပျက်စီးယိုယွင်းစေမည်ဟု ပြောကြားထားကြပါသည်။

“အမေရိက၏ အခြေခံ ကတိကဝတ်တစ်ရပ် တိုက်ခိုက်ခံနေရ၍ ကျွန်မတို့ ဒီလို တိုင်းပြည်၏ အမြင့်ဆုံးတရားရုံးကို ရောက်နေတာပါ။ အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားသူအားလုံးက အမေရိကန် နိုင်ငံသားများဖြစ်ပါသည်၊ ကျွန်မတို့၏ စောင့်ကြည့်ကာလအတွင်းမှာ ဒီလိုမျိုး မဖြစ်စေချင်သဖြင့် ဒီမှာရပ်တည်နေတာပါ ၊ အမေရိကန် ပြည်ထောင်စုတွင် မွေးဖွားသူအားလုံးသည် အမေရိကန်နိုင်ငံသားများဖြစ်သည်” ဟု CASA ၏ ဥပဒေဒါရိုက်တာ အမာဖရင်ပွန်က ဆန္ဒပြစုဝေးသူများအား ပြောကြားခဲ့ပါသည်။

ကိုးကား-  Aljazeera

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃