ဂျိုးဘိုင်ဒင်၏အကြံပေးများ သစ္စာဖောက်မှုကျူးလွန်ဟု ဒေါ်နယ်ထရမ့်စွပ်စွဲ

News Image

  • biden

အမေရိကန်သမ္မတဟောင်း  ဂျိုးဘိုင်ဒင်၏အကြံပေးများသည် အမြင့်ဆုံးသော သစ္စာဖောက်မှုကို ကျူးလွန်သည်ဟု လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့် က စွပ်စွဲလိုက်ကြောင်းသိရသည်။

အဆိုပါအကြံပေးများသည် ဂျိုးဘိုင်ဒင်၏ မှတ်ဉာဏ်ကျဆင်းမှုအပေါ်အခွင့် ကောင်းယူကာ ဘိုင်ဒင်ကိုယ်တိုင်ယခင်ကတည်းကလုပ်ဆောင်လိုခြင်းမရှိသည့် ခွင့်ပြုချက်မရှိသောမူဝါဒများကိုအကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထရမ့်ကလူမှုကွန်ရက်တွင် ရေးထားသည်။

ဂျိုးဘိုင်ဒင်သည် နယ်စပ်များကိုဖွင့် ရန်မည်သည့်အခါကမျှ ထောက်ခံအားပေးခဲ့ခြင်းမရှိကြောင်း၊ တရားမဝင်ရွှေ့ ပြောင်းနေထိုင်သူများဝင်ရောက်မှုများပြားလာစေရန်အကြံပေးများက သမ္မတ၏ အလိုအလျောက်လက်မှတ်ထိုးစက်ကို အသုံးပြု၍ ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထရမ့်ကပြောထားသည်။

Ref: RT

Photo- BLiTZ