ယူကရိန်းတွင် နောက်ဆုံးအခွင့်အရေးတစ်ခုသာရှိတော့ဟု မက်ဗီဒက်သတိပေး

News Image

  • Medvedev

ယူကရိန်းနိုင်ငံအနေဖြင့် ပဋိပက္ခကို မလွဲဧကန်ဖြေရှင်းပြီးနောက် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် နောက် ဆုံးအခွင့်အရေးတစ်ခုသာရှိတော့ကြောင်း နှင့် ယူကရိန်းအစိုးရကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ပါဝင်ရန်တိုက်တွန်းကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်ကပြောသည်။

ရုရှားနိုင်ငံသည် ယူကရိန်းနှင့်ကြိုတင် သတ်မှတ်ချက်မရှိသော တိုက်ရိုက်ဆွေးနွေးပွဲများကျင်းပရန် လမ်းဖွင့်ပေးထားကြောင်း၊ ထိုဆွေးနွေးမှုများသည် မြေပြင် ရှိလက်တွေ့အခြေအနေများကို ထင်ဟပ်စေကြောင်းနှင့် ပဋိပက္ခ၏အကြောင်းရင်း ဇာစ်မြစ်များကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း မက်ဗီဒက်က မေလ ၂၀ ရက် တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ တရားရေးဖိုရမ်၌ပြောသည်။

လက်ရှိအချိန်တွင် ရုရှားနှင့်မည်သို့ သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုမဆိုလက်မှတ်ထိုးရန် ယူကရိန်းတွင် တရားဝင်ဖြစ်သည့်အာဏာပိုင်ဟူ၍မရှိကြောင်း ၎င်းကဆက်ပြောသည်။ 

Ref: RT