ယူနွတ်က နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး Dhaka မြို့ကို ထပ်မံ လှုပ်ခတ်နိုင်သော ဆန္ဒပြမှုများ ဖြစ်ပေါ်စေနိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိုးရအဖွဲ့ယာယီခေါင်းဆောင် မိုဟာမက်ယူနွတ် က ပါတီအားလုံးက ၎င်းအား အပြည့်အဝထောက်ခံမှုမပေးပါက နုတ်ထွက်မည်ဟု ခြိမ်းခြောက်လိုက်ပါသည်။ အဆိုပါဖြစ်စဉ်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ဒီဇင်ဘာလ အတွင်း ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အမျိုးသားပါတီ (BNP) ကလည်း ရွေးကောက်ပွဲအတွက် လမ်းညွှန်ချက်တောင်းဆိုခဲ့ပါသည်။ ယူနွတ်၏နုတ်ထွက်မည့်သတင်းသည် ဒါကာမြို့တွင် ဆန္ဒပြမှုအသစ်တစ်ရပ် စတင်ရန် နည်းဗျူဟာတစ်ခုအဖြစ် ရှုမြင်နေကြပါသည်။
အစိုးရအရင်းအမြစ်များနှင့် ဆိုရှယ်မီဒီယာပေါ်ရှိ သတင်းများအရ ကျောင်းသားခေါင်းဆောင်များသည် သောကြာနေ့ (မေ ၂၃) ဆုတောင်း ဝတ်ပြုမှုအပြီး ဒါကာတွင်ဆန္ဒပြရန်နှင့် တပ်နယ်သို့ချီတက်ကြရန် လူငယ်များနှင့် အစ္စလာမ်ဝါဒီများကို စည်းရုံးနေကြောင်း သိရှိရပါသည်။
ကိုးကား- India Today
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂