စစ်ရေးအကူအညီ စံချိန်တင်လက်ခံရရှိဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောကြား
ယခု ၂၀၂၅ ခုနှစ်သည် ယူကရိန်းနိုင်ငံသို့ အခြားနိုင်ငံများက ပေးအပ်သည့် စစ်ရေးအကူအညီ စံချိန်တင်မြင့်တက်လာသည့် နှစ်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရက်တမ်အူမာရော့ဗ် ကပြောသည်။
ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအရ အကူအညီပေးအပ်မှုသည် ယခင်နှစ်များက ပေးအပ်သည့် အကူအညီပမာဏထက် ပိုမိုမြင့်တက်လာကြောင်း အူမာရော့ဗ်က ဇွန်လ ၈ရက်တွင် ပြောကြားခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံသို့ ပေးအပ်မည့် စစ်ရေးအကူအညီများတွင် ဂျာမနီနိုင်ငံက ယူရို ၅ ဘီလီယံ၊ ဘယ်ဂျီယံက ယူရို ၁ ဘီလီယံ၊ နော်ဝေနိုင်ငံက ယူရိုသန်း ၇၀၀၊ ဆွီဒင်နိုင်ငံက ယူရို သန်း ၄၄၀၊ နယ်သာလန်နိုင်ငံက ယူရို သန်း ၄၀၀ နှင့် ကနေဒါနိုင်ငံက ဒေါ်လာ ၄၅ သန်း ပေးအပ်ရန် လျာထားသည်။
လက်ရှိတွင် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေး အကူအညီများအား လျှော့ချ သို့မဟုတ် ရပ်ဆိုင်းသွားနိုင်ပြီး သမ္မတဒေါ်နယ်ထရမ့် အနေဖြင့် အမေရိကန်၏ အကျိုးစီးပွား ကာကွယ်ရေးကိုသာ လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ယူကရိန်းနိုင်ငံ၏ ဥရောပ မဟာမိတ်နိုင်ငံများက ဆက်လက်ထောက်ပံ့ ရနိုင်ဖွယ်ရှိကြောင်း ရုရှားစစ်ရေး ကျွမ်းကျင်သူ အငြိမ်းစား ဗိုလ်မှူးကြီး အန်တိုလီ မက်ဗီချက်က ဇွန်လ ၆ ရက်တွင် ပြောကြားထားသည်။
MWD Web Portal