အနောက်အုပ်စုအနေဖြင့် ရုရှားအပေါ်မည်သည့်အခါမျှ အနိုင်ရမည်မဟုတ်ဟု လက်ရော့ပြော

News Image

  • အနောက်အုပ်စုအနေဖြင့် ရုရှားအပေါ်မည်သည့်အခါမျှ အနိုင်ရမည်မဟုတ်ဟု လက်ရော့ပြော

အနောက်အုပ်စုအနေဖြင့် ရုရှားနိုင်ငံ အပေါ် မည်သည့်အခါမျှအနိုင်ရရှိမည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ကာဂျစ်စတန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဇွန်လ ၂၉ ရက် တွင်တွေ့ဆုံစဉ်ပြောသည်။

ထို့ပြင် NATO အုပ်စုနှင့် ဥရောပသမဂ္ဂ တို့သည် ရုရှားနိုင်ငံကိုတိုက်ခိုက်နိုင်ရေးအတွက် ယူကရိန်းပဋိပက္ခကို လက်နက်တစ်ခုအနေဖြင့် အသုံးချနေခြင်းဖြစ်သည်  ဟု လက်ရော့က ဆက်ပြောသည်။ 
အနောက်အုပ်စုသည် ရုရှားနိုင်ငံကို စစ်ဆင်နွှဲရန် နောက်တစ်ကြိမ်ဆုံးဖြတ် ချက်ချမှတ်ထားကြောင်း၊ အနောက်အုပ်စု အနေဖြင့် ရုရှားနိုင်ငံအပေါ် ထိုသို့နည်း ဖြင့် မည်သည့်အခါကမျှ အနိုင်ရရှိခဲ့ခြင်း မရှိသကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း ရုရှားအပေါ်အနိုင်ရမည်မဟုတ်ကြောင်း လက်ရော့ကဆက်ပြောသည်။

ပြီးခဲ့သည့် ဥရောပသမဂ္ဂ ထိပ်သီး ညီလာခံ၌ အဖွဲ့ဝင်နိုင်ငံအများအပြားသည် ယူကရိန်းကိုထောက်ပံ့မှုပိုပေးကာ ရုရှား ကိုပိတ်ဆို့မှုများပိုမိုချမှတ်ရန် ကြိုးပမ်း ခဲ့ကြောင်းသိရသည်။ 

Ref. RT

MWD Newspaper