ကမ္ဘောဒီးယားက ထိုင်းမှဝင်လာမည့် မည်သည့်ကုန်တင်ယာဉ်ကိုမဆို ဖြတ်သန်းခွင့်မပြုတော့
ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့်ဆက်စပ်နေသည့် နယ်စပ်ဂိတ်များမှ တစ်ဆင့် ဝင်ရောက်လာမည့် မည်သည့် ကုန်တင်ယာဉ်ကိုမဆို ဖြတ်သန်းခွင့်မပြုတော့ကြောင်း ကမ္ဘောဒီးယားလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ညွှန်ကြားချက်နှင့်အညီ ယခုလုပ်ဆောင်မှုကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် နှစ်နိုင်ငံမှကုန်စည်များကူးသန်းရနေရာများဖြစ်သော နယ်စပ်စစ်ဆေးရေးဂိတ်များကို ပိတ်ထားသမျှကာလပတ်လုံး ထို ညွှန်ကြားချက်က အသက်ဝင်နေမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား တင်းမာမှုများဖြစ်ပွားနေစဉ် နှစ်နိုင်ငံကြားရှိ နယ်စပ်စစ်ဆေးရေးဂိတ်များကို နှစ်ဖက်စလုံးက ပိတ်လာခြင်းဖြစ်ကြောင်းသိရသည်။
Ref: TST
MWD Daily Newspaper
Photo -Khmer Times