ဂါဇာကမ်းမြောင်ဒေသ၌ နေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းတစ်ကျောင်းကို အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၈ ဦးထက်မနည်း သေဆုံးပြီး အခြား ၅၄ ဦးကျော် ဒဏ်ရာရရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီယာအယ်ဘာလာ၏ မြို့တော်ပါလက်စတိုင်း လခြမ်းနီအသင်းဌာနချုပ်အနီးတွင် တည်ရှိသည့် ရာဖီဒါကျောင်းကို အစ္စရေးတပ်မတော်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းလခြမ်း နီအသင်း(ပီအာစီအက်စ်)က လူမှုကွန်ရက်မီဒီယာ X ၌ ဖော်ပြထားသည်။