သတင်းများ

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းသို့သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဗီယက်နမ်သို့ ကိုးလအတွင်း ကမ္ဘာလှည့်ခရီးသည် ၁၂ ဒသမ ၇ သန်းလာရောက်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၂ ဒသမ ၇ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၄ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကြောင်း အထွေထွေစာရင်းအင်းရုံးမှ ထုတ်ပြန်သည်။

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးသည် မျိုးရိုးဗီဇထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် microRNA မော်လီကျူးများကို ရှာဖွေတွေ့ရှိမှုအတွက် ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။

မက်ဆာချူးဆက် ဆေးကျောင်းမှ ပါမောက္ခ ဗစ်တာအမ်းဘရော့စ်နှင့် ဟားဗက်ဆေးကျောင်းမှ ပါမောက္ခဂယ်ရီရုဗ်ကွန်တို့သည် ပူးတွဲဆုရရှိသူများဖြစ်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် နိုဘယ်ညီလာခံတွင် ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံမြောက်ပိုင်း ဟိုင်ဖာမြို့အား ဟစ်ဇ်ဘိုလာအဖွဲ့ တိုက်ခိုက်

ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်း ဟိုင်ဖာမြို့ကို ဒုံးကျည်အမြောက်အမြားဖြင့် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဂါဇာကမ်းမြောင်ရှိ မြို့၊ ရွာများနှင့် အရပ်သားများအား အစ္စရေးတို့၏ ကျူးကျော်မှုကို တုံ့ပြန်သည့် အနေဖြင့် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများက ဟိုင်ဖာမြို့မြောက်ဖက်အား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ထပ်လောင်းပြောကြားသည်။ 

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မျောက်ကျောက်ရောဂါကာကွယ်ဆေး စတင်ထိုးပေး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဂိုမာမြို့၌ အောက်တိုဘာ ၅ ရက်မှစတင်ကာ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။ ကနဦးတွင် ကျန်းမာရေးဝန်ထမ်းများနှင့် မျောက်ကျောက်ရောဂါ တိုက်ဖျက်ရေးရှေ့တန်းမှ ပါဝင်ကြသည့် လုပ်သားများကို အဓိကထား၍ ကာကွယ်ဆေးထိုးသည့် အစီအစဉ်ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောသည်။

လက်ဘနွန်၌ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးပြီး ၁၀၀၀၀ နီးပါး ဒဏ်ရာ ရရှိ

အစ္စရေးအစိုးရသည် မကြာသေးမီက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် လက်ဘနွန်ရှိ တီဟီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။ 

ဇူလိုင်လက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာ၌ ထရမ့်လူထုမဲဆွယ်စည်းရုံးပွဲပြုလုပ်

အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဇူလိုင်လကပြုလုပ်ခဲ့သော လူထုစု‌ဝေးပွဲတစ်ခုအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလားတွင် လူထုမဲဆွယ်စည်းရုံးပွဲကို ထပ်မံ၍ လုပ်ဆောင်ခဲ့သည်။

သမ္မတဟောင်း ထရမ့်သည် စင်မြင့်တစ်ခု၌ စကားပြောနေစဉ် ၎င်း၏ ညာဘက်နားရွက်ကို ကျည်ဆံထိမှန်ခဲ့သည့် အဆိုပါနေရာသို့ အောက်တိုဘာ ၅ ရက်က ပြန်လည်သွား ရောက်ခဲ့ခြင်း ဖြစ်သည်။