တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခရီးစဉ်တွင် လိုက်ပါလာကြသူများသည် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ပြုလုပ်မည့် နိုင်ငံတကာ လေကြောင်းပြပွဲ၌ ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် Sukhoi Su-57 ကိုယ်ပျောက်တိုက်လေယာဉ်ကို ပြသမည်ဖြစ်ကြောင်း တရုတ်စစ်ဘက်က ပြောကြားလိုက်သည်။
နိုင်ငံတကာ လေကြောင်းပြပွဲကို ကွမ်တုန်ပြည်နယ် ချူဟိုင်းမြို့၌ နိုဝင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ အဆိုပါ လေကြောင်းပြပွဲတွင် တရုတ်တပ်မတော်၏ တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် စီးပွားရေးသုံးလေယာဉ်များကို ပြသသွားမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။

တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region (GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်း

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

မြဝတီ အောက်တိုဘာ ၃၀
နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဝါရှင်တန် အောက်တိုဘာ ၃၀
မကြာမီကျင်းပတော့မည့် သမ္မတရွေးကောက်ပြိုင်ပွဲအတွက် အမေရိကန်ပြည်သူများ မဲမပေးမီတစ်ပတ်အလိုတွင် အမေရိကန်သမ္မတလောင်းနှစ်ဦး၏ ပြိုင်ဆိုင်မှုမှာ အကြိတ်အနယ်ရှိလာခဲ့သည်။
အောက်တိုဘာ ၂၉ ရက်အထိ နိုင်ငံလုံးဆိုင်ရာမဲရုံများတွင် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာ ဟားရစ်ကို ၀ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း အမေရိကန်ရွေးကောက်ပွဲသတင်းအချက်အလက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Real Clear Politics အရသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။