သတင်းများ

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ကာမလာဟားရစ် ဂျော်ဂျီယာတွင် လူထုစုဝေးပွဲပြုလုပ်ပြီး ထရမ့်ကိုဝေဖန်

အမေရိကန် ဒုတိယသမ္မတနှင့် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ ကာမလာဟားရစ် သည် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်ဖြစ်သည့် ဂျော်ဂျီယာတွင် လူထုစုဝေးပွဲ ပြုလုပ်ခဲ့ သည်။

၎င်း၏ ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့ပြီး မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို တောင်းဆိုခဲ့သည်။ ဟားရစ်သည် အတ္တလန္တာ၌ သမ္မတ ရွေးကောက်ပွဲမစတင်မီ နှစ်ပတ်အလိုတွင် အောက်တိုဘာ ၁၉ ရက်က မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များ နယ်စပ်ဒေသတွင် တပ်စွဲထား

ပြုံယမ်း အောက်တိုဘာ ၁၄

တောင်ကိုရီးယားနိုင်ငံမှ ဒရုန်းများကို စောင့်ကြည့်ရန် တောင်ကိုရီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဒေသ၌ မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များကို တပ်စွဲထားကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

တုံ့ပြန်ဆောင်ရွက်

အောက်တိုဘာ ၁၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနမှတစ်ဆင့် ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Source- www.moi.gov.mm

ဘိုးအင်းကုမ္ပဏီက အလုပ်သမား ၁၇၀၀၀ ကျော် လျှော့ချမည်

အမေရိကန်၏ လေကြောင်းအာကာသ ပစ္စည်းများထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ဘိုးအင်း ကုမ္ပဏီက လာမည့်လများအတွင်း အလုပ်သမား ၁၀ ရာခိုင်နှုန်းဝန်းကျင်ဖြစ်သည့် လူအင်အား ၁၇၀၀၀ ကျော်လျှော့ချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဘိုးအင်းကုမ္ပဏီအနေဖြင့် ဆုံးရှုံးမှုများ မြင့်တက်လာနေစဉ်နှင့် သပိတ်မှောက်မှုတစ်ခုကြောင့် ရောင်းအားကောင်းသော ၎င်းတို့၏ လေယာဉ်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းနေရစဉ် ယခုကဲ့သို့ အလုပ်သမားများကို လျှော့ချမည့်အစီအစဉ်   ကြေညာလိုက်ခြင်းဖြစ်သည်။

(၁၉)ကြိမ်မြောက် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပမည်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူ‌ဇော်ပွဲကို တန်ဆောင်းမုန်းလပြည့်ကျော် ၁ ရက်တွင် ကလောမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ၌ ကျောင်းထွက်နှုန်းမြင့်မားမှုနှင့် ဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရေး စီစဉ်ဆောင်ရွက်

လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံအတွင်း ‌ကျောင်းဆရာရှားပါးမှုနှင့် ‌ကျောင်းသားများ ‌ကျောင်းထွက်နှုန်းမြင့်မားမှုကို ဖြေရှင်းရန်အတွက် မူဝါဒများကို ထုတ်ပြန်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံ ပညာရေးဌာနက ကျောင်းတက်ရောက်မှုနှုန်းတိုးတက်စေရေးအတွက် သင်တန်းများ ပိုမိုဖွင့်လှစ်သွားရန်နှင့် ရွေးချယ်စရာများ စိတ်ကြိုက်ပေးဆောင်နိုင်ရန်အတွက် အသက်မွေးဝမ်း ကျောင်းပညာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍများ လက်တွဲလုပ်ဆောင်ရန် ညွှန်ကြားချက်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်သည်။

ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအား တောင်းဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက် နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအားတောင်းဆိုခဲ့ကြောင်း သိရသည်။

အရှေ့ ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်နှင့် ယခုနှစ် မေလကုန်အထိ တစ်နှစ်အတွင်း သိမ်းပိုက် ထားသော ဆီးရီးယားဂိုလန်အပါအဝင် အနောက်ဘက်ကမ်းရှိ အစ္စရေးတို့၏ လှုပ်ရှားမှုများအပေါ် ခြုံငုံရေးသားထားသည့် အစီရင်ခံစာတစ်စောင်ကို ဂူတာရက်စ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် စာပေနိုဘယ်ဆုကို တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန် ရရှိ

ဆွီဒင်အကယ်ဒမီသည် တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်ကို ယခုနှစ် စာပေနိုဘယ်ဆုရှင် အဖြစ် ‌ရွေးချယ်ခဲ့ကြောင်း သိရသည်။

အာရှိနွယ်ဖွား အမျိုးသမီးတစ်ဦးကို စာပေလောက၏ ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဟန်ကန်ကို ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး သူ၏ ဖခင်သည် ကျော်ကြားသောဝတ္တုရေးဆရာ ဖြစ်သောကြောင့် စာပေမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။