လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သည်ဟု သံသယဖြင့် တနင်္လာနေ့တွင် အဖမ်းခံရသည့် နော်ဝေးနိုင်ငံအိမ်ရှေ့မင်းသမီး၏ သားတော် Marius Borg Hoiby သည် ဒုတိယကြိမ်မြောက် အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် ထပ်မံအဖမ်းခံလိုက်ရကြောင်း နော်ဝေးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါသည်။

ရုရှားနိုင်ငံ၊ Kursk ဒေသသို့ တိုက်ခိုက်လာသော ယူကရိန်းစစ်တပ်၏ ဒုံးကျည်နှစ်စင်းနှင့် ဒရုန်း ၂၇ စင်း တို့ကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသတွင်းအစိုးရအဖွဲ့အကြီးအကဲ Smirnov က ပြောကြားခဲ့ပါသည်။
ကိုးကား - Kursk ဒေသတွင်းအစိုးရအဖွဲ့

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသရှိ နိုဗိုဒမီထရစ်ကာ နယ်မြေကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအန်ဒရီ ဗျဲလူးဆော့ဗ်က အဆိုပါသိမ်းပိုက်နိုင်မှုသည် ရုရှားတပ်မတော်၏ စစ်မြေပြင်အရှိန်မြှင့် တိုးတက်မှု၏ နောက်ဆုံး ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - Reuters

အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်အဖြစ် ၎င်း၏ထောက်လှမ်းရေးအကြီးအကဲဟောင်း Richard Grenell ကိုရွေးချယ်ရန်စဉ်းစားနေကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်လေးခုမှ ကိုးကား၍ Sputnik သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များ အဆိုပါ တိုက်ခိုက်မှုကိုဟန့်တားရန် ဆောင်ရွက်ခဲ့ကြောင်း Kursk ဒေသ အစိုးရအဖွဲ့အကြီးအကဲ က ပြောကြားခဲ့ ပါသည်။
ယူကရိန်းတပ်မတော်က အသုံးပြုသည့် ဒုံးကျည်အမျိုးအစားကို မသိရသေးကြောင်းနှင့် ကနဦး သတင်းများအရ ယူကရိန်းတို့သည် အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည် ၅ စီး ကို အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား - Kursk ဒေသအစိုးရအဖွဲ့

Ford ကားကုမ္ပဏီသည် ၂၀၂၇ ခုနှစ်အကုန်တွင် ဥရောပ နှင့်ဗြိတိန်၌ အလုပ်သမား ၄၀၀၀ လျှော့ချသွားရန် စီစဉ် လျက်ရှိကြောင်း ကြေညာလိုက်ပါသည်။ ဥရောပကား စျေးကွက် ပြင်ဆိုင်မှုများလာခြင်း၊ စီးပွားရေးရိုက်ခတ်မှု ဒဏ်ခံနေရခြင်း၊ မျှော်မှန်းထားသလို လျှပ်စစ်ကားများ မရောင်းချရခြင်း စသည့်အခက်အခဲများကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု သိရှိပါသည်။ ယခုအခါ အလုပ်သမား လျှော့ချရေးကိစ္စအတွက် သက်ဆိုင်ရာ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးငွေကြေးမှာ ကူဝိတ် နိုင်ငံ၏ “ဒီနာ” ငွေကြေးဖြစ်ပါသည်။ ကူဝိတ်နိုင်ငံသည် စီးပွားရေး တည်ငြိမ်၍ ရေနံကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ထိုငွေကြေးကို ၁၉၆၀ ပြည့်နှစ်တွင် စတင်ထုတ်ဝေ ခဲ့သည်။ အမေရိကန်ဒေါ်လာ ၃.၂၅ နှင့်ညီမျှသည်။
ဒုတိယတန်ဖိုးအမြင့်ဆုံးမှာ ရေနံနိုင်ငံ ဘာရိန်း၏ “ဒီနာ” ငွေကြေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၆၅ နှင့်ညီမျှ သည်။
နိုင်ငံစီးပွားရေးတည်ငြိမ်ပြီး ရေနံကြွယ်ဝသည့် အိုမန် ငွေကြေးသည် တတိယအခိုင်မာဆုံး ငွေကြေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၆၀ နှင့်ညီမျှသည်။

“ဒုံးကျည်တိုက်ခိုက်မှုရှိလာနိုင်သည်”ဟု ခြိမ်းခြောက်မှု ရှိနေသဖြင့် ယနေ့ပြုလုပ်မည့် ယူကရိန်းနိုင်ငံ ပါလီမန် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း ဥပဒေပြုရေး ဆိုင်ရာတာဝန်ရှိသူများက ပြောကြားပါသည်။
မနေ့က Dnipro ကို ရုရှားက ဆန်းသစ်တီထွင်လိုက်သည့် စစ်ဖက်ဆိုင်ရာ တာလတ်ပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီး နောက်တစ်နေ့တွင် ထိုခြိမ်းခြောက်မှုရှိလာခဲ့ကြောင်း ပြောကြားကြပါသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အစိုးရသစ်အတွက် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ Pam Bondi အား ရှေ့နေချုပ် ရာထူးခန့်အပ်ရန် ရွေးချယ် သတ်မှတ်လိုက်ပါသည်။
Pam Bondi သည် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များကို ကာလရှည်ကြာဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခင်ကဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါသည်။

အမေရိကန်သမ္မတရာထူးကို တာဝန်ယူမည့် ဒေါ်နယ် ထရန့်သည် ၎င်း၏ ပထမအကြိမ် သမ္မတ တာဝန်ယူစဉ် က ယာယီရှေ့နေချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Matthew Whitaker ကို နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးအတွက် ရွေးချယ်လိုက်ပါသည်။
“Matt က ရဲရင့်သည့်စစ်သားတစ်ဦးဖြစ်သကဲ့သို့ သစ္စာရှိ သောမျိုးချစ်စိတ်ဓာတ်ရှိသူတစ်ဦးလည်း ဖြစ်ကြောင်း၊ အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို စွမ်းစွမ်းတမံ ကာကွယ်ပေးပြီး ပိုမိုတိုးတက်အောင် လုပ်ပေးနိုင်မည် ဖြစ်ကြောင်း” ထရန့်က ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက် သည်။