အမေးအဖြေကဏ္ဍ

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားအဆင့်ဆင့်ကို ရှင်းပြပေးစေလိုပါတယ်။

သတ်မှတ်လုပ်သားဦးရေပြည့်မီသည့် လုပ်ငန်းများ၊ စက်ရုံများတွင် WCC ဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါ WCC တွင် လုပ်ငန်းခွင်ဆိုင်ရာ နစ်နာချက်များကို ကနဦးဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်း၊ ပြေငြိမ်းမှုမရရှိသော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ မြိုနယ်အဆင့်ဖြစ်သော ညှိနှိုင်းဖျန်ဖြေမှု ပြုပြီးနောက် ပြေငြိမ်းမှုရရှိပါက နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ပြေငြိမ်းမှုမရရှိပါက တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဖြစ်သော ခုံသမာဓိ အဖွဲ့သို့ အမှုတွဲလွှဲပြောင်း ပေးပို့ခြင်း၊ ခုံသမာဓိအဖွဲ့က စစ်ဆေးဆုံးဖြတ်ခြင်း၊ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသော အငြင်းပွားသူများသည် ခုံသမာဓိကောင်စီသို့ လျှောက်ထားခြင်း၊ ခုံသမာဓိကောင်စီက ခုံသမာဓိ ဖြင့် စစ်ဆေးဆုံးဖြတ်ခြင်းတို့ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားဝန်ကြီး ဌာန အနေ ဖြင့် အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။

စက်ရုံ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနှင့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများ ကွဲပြားလျက် စက်ရုံအတွင်း ဖွဲ့စည်းထားသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ အဆင့်ဆင့်ဖြင့် ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ EC စာချုပ်ပါ အချက်များအပေါ်တွင် အခြေခံပြီး အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ဌာနများတွင် စည်းကြပ်လျက်ရှိသော ဥပဒေတွင် ပြဋ္ဌာန်းပြီး အကျိုးခံစားခွင့်နှင့် အညီ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုဆိုတာ မည်သည့်အငြင်းပွားမှုဖြစ်ပါသလဲ။

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပါတယ်။ စုပေါင်းသဘောတူညီချက်နှင့်စပ်လျဉ်းသော အငြင်းပွားမှု၊ အလုပ်သမားဥပဒေပါရပိုင်ခွင့်များနှင့် အကျုံးဝင်မှု မရှိသော်လည်း အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများနှင့် လုပ်ငန်းခွင်ဆက်ဆံရေးနှင့် စပ်လျဉ်းသော အငြင်းပွားမှုများကိုတော့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
အခွင့်အရေးဆိုင်ရာအငြင်းပွားမှုများကို စည်းကြပ်ဥပဒေအလိုက် သက်ဆိုင်ရာဌာနများ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်ပြီး အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေးယန္တရား အဆင့်ဆင့်ဖြင့် ဖြေရှင်းပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်ဥပဒေ ပြဋ္ဌာန်းထားပါသလား။

အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြားဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပါတယ်။ အဆိုပါ ဥပဒေအရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

လက်ရှိမြန်မာနိုင်ငံတွင် လုပ်သားအင်အား မည်မျှရှိပါသလဲ၊ အလုပ်လက်မဲ့နှုန်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

၂၀၂၀ပြည့်နှစ်၊ လုပ်သားအင်အားစစ်တမ်း(ပထမအကြိမ်) အစီရင်ခံစာအရ လုပ်သား အင်အား ၂၂.၂၂ သန်းရှိပါတယ်။ အလုပ်လက်မဲ့နှုန်းအနေနဲ့ ၁.၆% ရှိပြီး၊ အလုပ်လက်မဲ့ နှုန်း နည်းပါးခြင်းဟာ ILO ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေတိုင်းမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ILO အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စာရင်းအင်းပညာရှင်များညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အလုပ်လက်မဲ့နှုန်းအပြင် လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှုနှုန်း (Labour Underutilization Rate) ကိုပါ တစ်ပေါင်းတည်းဖော်ပြဖို့ တိုက်တွန်းထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ တွက်ချက်ဖော်ပြ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်) အစီရင် ခံစာအရ လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှုနှုန်း ၅.၂% ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ မည်သို့ဆောင်ရွက်ပေးပါသလဲ။

အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား လာရောက်ပြုလုပ် ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများ အနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လူကိုယ်တိုင်လာရောက်၍ အလုပ်သမားမှတ်ပုံတင်ရမည်။ ဤကဲ့သို့ လူကိုယ်တိုင် လာရောက်မှတ်ပုံတင်ခြင်းဖြင့် မှတ်ပုံတင်သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေ အနေကိုပြည့်စုံစွာရရှိနိုင်ပြီး၊ လျှောက်ထားရာရုံးတွင် ၎င်း၏ အရည်အချင်းနှင့် အလုပ်အကိုင်ပေါ်ပေါက်လျက်ရှိပါက ချက်ချင်းပင်ဆက်သွယ်ပေးနိုင်ရန်ဖြစ်သည်။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးသို့ အလုပ်သမားမှတ်ပုံတင်ကတ်ပြား လာရောက်လျှောက်ထားပါက ကိုယ်ရေးအချက်အလက်အား စနစ်တကျမှတ်တမ်းတင်နိုင်ရန်အတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ပညာအရည်အချင်း အောင်လက်မှတ်(မူရင်း)နှင့် ကျွမ်းကျင်မှုလက်မှတ်(မူရင်း) အထောက်အထားများ ပြည့်စုံစွာတင်ပြပြီး အလုပ်သမားမှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂)ကို ထုတ်ယူရမည်ဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

(NSSA) အနေဖြင့် လုပ်သားများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ အောင်မြင်သူလုပ်သားများအား အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပြီးစီးမှုအခြေအနေကို သိရှိလိုပါ သည်။

(NSSA) သည် ၂၀၁၄ ခုနှစ်မှစတင်၍ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဖြေဆိုအောင်မြင်သူလုပ်သား (၂၁,၅၅၅) ဦးရှိသည့်အနက် လုပ်သား (၁၈,၁၇၀)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များကို အခမ်းအနားဖြင့် ကျင်းပ၍ ပေးအပ်နိုင်ခဲ့ပါသည်။ ပေးအပ်ရန်ကျန်ရှိသော အသိအမှတ်ပြုလက်မှတ်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဖြေဆိုအောင်မြင်သူများအတွက် အသိအမှတ်ပြုလက်မှတ်များကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အခမ်းအနားဖြင့် ဆက်လက် ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်ပြီးစီးမှုနှင့် ကျွမ်းကျင် လုပ်သားမွေးထုတ်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)သည် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ကျွမ်းကျင်မှုအဆင့် (၁) (၁၈၄) ခု၊ အလုပ်အကိုင် (၁၅) မျိုးအတွက် ကျွမ်းကျင်မှုအဆင့် (၂) (၃၂)ခု၊ အလုပ်အကိုင် (၁) မျိုးအတွက် ကျွမ်းကျင်မှုအဆင့် (၃) (၁)ခု၊ စုစုပေါင်း ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၁၇)ခုကို တည်ထောင်နိုင်ခဲ့ပြီး အလုပ်အကိုင် (၃၅)မျိုးအတွက် အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၂၁,၅၅၅) ဦးကို အသိအမှတ်ပြုလက်မှတ်များပေးအပ်နိုင်ခဲ့ပါသည်။ ၂၀၂၂၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သားများ ထပ်မံမွေးထုတ်နိုင်ရေး အတွက် ဖြေဆိုသူ ၅၀၀၀ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ရေး စီမံချက်ရေးဆွဲ၍ လျာထားချက်အတိုင်း ပြည့်မီအောင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများအနေဖြင့် Mobile Training များဆောင် ရွက်ပေးခြင်းများ ရှိပါသလား။

ဦးစီးဌာနသင်တန်းကျောင်းများအနေဖြင့် အခြေခံဂဟေဆက်၊ အခြေခံလျှပ်စစ်နှင့် အိမ်တွင်း လျှပ်စစ်သင်တန်းအတွက်သာ Mobile Training သင်ကြားပေးနိုင်ပြီး သင်တန်းပေး စေလိုသောဒေသများရှိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မူ၍ ညှိနှိုင်းလာပါက စီစဉ်ဆောင်ရွက်ပေးပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် သင်တန်းများတက်ရောက်လိုပါက မည်သည့်သင်တန်းများ တက်ရောက်နိုင် သလဲ။ မည်သို့သင်တန်းများ သင်ကြားတက်ရောက်နိုင်သလဲ။

ဦးစီးဌာနအောက်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံ၊ ပဲခူး) တို့ရှိပြီး သင်တန်းကျောင်းများတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးများတွင် လည်းကောင်း၊ သင်တန်းကျောင်း များတွင်လည်းကောင်း လိုင်စင်ဓါတ်ပုံ၊ မှတ်ပုံတင် မိတ္တူတို့နှင့်အတူ သင်တန်းကျောင်းအလိုက် လျှောက်ထားနိုင်သော အခြေခံဂဟေဆက် သင်တန်း၊ အခြေခံလျှပ်စစ်နှင့် အိမ်တွင်းလျှပ်စစ် သင်တန်း၊ လေအေးပေးစက်တပ်ဆင်/ ပြုပြင်သင်တန်းများထဲမှ လျှောက်ထားနိုင်သော သင်တန်းများကို တက်ရောက်ရန် လျှောက်လွှာများရယူလျှောက်ထားနိုင်ပြီး သင်တန်းသားများမှ သင်တန်းကြေးပေးရန် မလိုဘဲ အခမဲ့သင်ကြားပေး၍ သင်တန်းဆိုင်ရာ ကုန်ကျစရိတ်များကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် သင်ကြားပေးလျက်ရှိသော်လည်း သင်တန်းသားများအတွက် သီးခြား အဆောင်စီစဉ်ပေးခြင်း၊ တစ်ဦးစီအတွက် ပညာသင်ထောက်ပံ့ပေးခြင်းနှင့် သင်တန်းပြီးဆုံး ပါက တနိုင်တပိုင် သို့မဟုတ် လုပ်ငန်းခွင်၌ အထောက်အကူပြုနိုင်မည့် စက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ ပံ့ပိုးပေးခြင်းတို့ ဆောင်ရွက်ပေးခြင်းမပြုပါ။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/