လူမှုဖူလုံရေးအာမခံအလုပ်သမားတစ်ဦးသည် မှတ်ပုံတင်ပြီးထည့်ဝင်ကြေး မပေးသွင်းပေးနိုင်မီ သေဆုံးပါက မှတ်ပုံတင်စဉ် တင်ပြထားသည့် လစာ၏ တစ်ဆ၊ ထည့်ဝင်ကြေးပေးသွင်းပြီးပါက ထည့်ဝင်ကြေးကာလ အပေါ်မူတည်ပြီး တိုးမြှင့်ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးကို (၆)နှစ် နှင့်အထက် ပေးသွင်းပြီးထားပါက နောက်ဆုံး (၄) လ ပျမ်းမျှ လုပ်ခဝင်ငွေ၏ အများ ဆုံး ၅ ဆ ခံစားခွင့်ရှိသည်။ သို့ရာတွင် နောက်ဆုံး (၄)လ အတွင်း (၃)လသာ ထည့်ဝင်ကြေးရှိပါက အဆိုပါ (၃)လ ၏ ပျမ်းမျှလုပ်ခဝင်ငွေဖြင့်သာ ခံစားခွင့်ရှိသည်။ အကယ်၍ နောက်ဆုံး ၄ လသည် ဆေးခွင့်/ဆေးရုံတက်ကာလဖြစ်ပါက နောက်ဆုံးပေးသွင်းထားသော လစာဖြင့်သာ ခံစားခွင့်ရှိသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေး အာမခံထားသူ အမျိုးသား၏ဇနီး မီးဖွားကြောင်းတင်ပြပါက လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်မှစိစစ်ပြီး ဖခင်ဘဝအကျိုးခံစားခွင့်ဆိုင်ရာ ဆေးသက်သေခံ လက်မှတ်(ဆ-၂)ကို ထုတ်ပေးပါမည်။ ဥပဒေနှင့်အညီခံစားခွင့်ရရှိရေးအတွက် အောက်ပါစာရွက်စာတမ်းများကို မြို့နယ်လူမှုဖူလုံရေးရုံးသို့ တင်ပြရပါမည်-
(က) ဖခင်ဘဝအကျိုးခံစားခွင့်ဆိုင်ရာ ဆေးသက်သေခံလက်မှတ် (ဆ-၂ခ) ၊
(ခ) အိမ်ထောင်စုစာရင်းမိတ္တူ၊
(ဂ) ဇနီးမီးဖွားခဲ့သော ဆေးရုံ/ဆေးခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းကဖြစ်စေထုတ်ပေးသည့် မီးဖွား ကြောင်း သက်သေအထောက်အထား၊
(ဃ) အာမခံထားသူ၏ ဇနီးမီးဖွားကြောင်း အလုပ်ရှင်၏ထောက်ခံချက်၊
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေး အာမခံထားသူ အလုပ်သမား၏ ဇနီးမီးဖွားသည့်အခါ ဖခင်ဘဝဖြစ်မှုခွင့် (၁၅) ရက် ကို လွန်ခဲ့သော (၁၂) လ အတွင်း ပျမ်းမျှ လုပ်ခ၏ ၇၀% နှင့် မီးဖွားစရိတ် ၂၅% မှ ၅၀% ထိ ခံစားခွင့်ရှိပါသည်။ အကယ်၍ ဇနီးနှင့် ခင်ပွန်း (၂) ဦးလုံး အာမခံအလုပ်သမားများဖြစ်ပါက မီးဖွားစရိတ်ကို အမျိုးသမီးအတွက်သာ ခံစားခွင့်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အာမခံထားသူ အမျိုးသမီး မီးဖွားသည့်အခါ မီးဖွားမှုအကျိုးခံစားခွင့်နှင့် မီးဖွားစရိတ်များကို သတ်မှတ်ချက်များနှင့်အညီခံစားခွင့်ရှိပါသည်။ လိုအပ်သည့် အထောက်အထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) အလုပ်ရှင်ထံမှ မီးဖွားကြောင်းထောက်ခံသည့် အကြောင်းကြားစာပုံစံ၊
(ခ) သက်ဆိုင်ရာ လူမှုဖူလုံရေးဆရာဝန်မှထုတ်ပေးသည့် မီးမဖွားမီနှင့် မီးဖွားပြီး ဆေးလက်မှတ်ပုံစံ၊
(ဂ) ဆေးရုံ/ ဆေးခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းကဖြစ်စေထုတ်ပေးသည့် မီးဖွားကြောင်းသက်သေ အထောက်အထား၊
(ဃ) လူနာ၏ကိုယ်တိုင်ရေးလျှောက်လွှာ၊
(င) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားမူရင်း
(စ) ဆေးရုံတက်ရပါက ဆေးရုံတက်ဆင်းလက်မှတ်များ ပူးတွဲတင်ပြရန်၊
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အမျိုးသမီးများသည် မီးဖွားမှုအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရန်အတွက် မီးဖွားခွင့်မယူမီ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်ထားသော မှတ်ပုံတင်ကာလ (၁၂)လ အတွင်း ထည့်ဝင်ကြေးကာလ (၆)လရှိရပါမည်။ လူမှုဖူလုံရေးအဖွဲ့ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူ စာချုပ်ချုပ်ထားသည့် ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း အခမဲ့ဆေးကုသခွင့်ရှိပါသည်။ မီးမဖွားမီ (၆)ပတ်၊ မီးဖွားပြီး (၈) ပတ်၊ စုစု ပေါင်းမီးဖွားခွင့် (၁၄) ပတ်ပေးပါသည်။ အမြွှာကလေး မွေးပါက နောက်ထပ် (၄) ပတ် ငွေကြေး အကျိုးခံစားခွင့် ပေးပါသည်။ မီးမဖွားမီ လွန်ခဲ့သည့် (၁၂) လအတွင်း အမှန်ရရှိသော ပျမ်းမျှလစာ ဝင်ငွေ ၏ ၇၀% ကို မီးဖွားခွင့်ကာလအတွင်း မီးဖွားမှုငွေကြေးအကျိုးခံစားခွင့်အဖြစ်ပေးပါသည်။ မီးဖွားပြီး မွေးကင်းစကလေးကို တစ်နှစ် အထိ ဆေးကုသမှုခံစားခွင့်ရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ် ခွင့်ပြုထားသည့်ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေးပြသ နိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး(၇) ကြိမ် အထိ လုပ်ခအပြည့်ဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူခွင့်ရှိပါသည်။
ထို့အပြင် မီးဖွားစရိတ်အဖြစ် လွန်ခဲ့သော (၁၂) လ အတွင်း ပေးသွင်းထားသော ထည့်ဝင်ကြေးကာလများ၏ ပျမ်းမျှတစ်လစာ၏ ၅၀% ကို ကလေးတစ်ဦးအတွက် မီးဖွားစရိတ်အဖြစ် ခံစားခွင့်ရှိပြီး အမြွှာကလေးနှစ်ဦးမွေးလျှင် ၇၅%၊ အမြွာကလေး သုံးဦးနှင့် အထက်မွေးလျှင် ၁၀၀% ခံစားခွင့်ရှိပါသည်။ ကိုယ်ဝန်ပျက်မှုဖြစ်ပေါ်ခဲ့ပါက ကိုယ်ဝန်ပျက်သည့်နေ့မှ မီးဖွားခွင့်အဖြစ် (၆) ပတ် ကို ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေးခံစားခွင့်ရှိသည်။ လွန်ခဲ့သည့် (၁၂)လ အတွင်း အမှန်ရရှိသောပျမ်းမျှလစာဝင်ငွေ၏ ၇၀% ကို ခံစားခွင့်ပေးပါသည်။
အာမခံထားသူအမျိုးသမီးသည် တစ်နှစ်အောက် ကလေးမွေးစားပါက လွန်ခဲ့သည့် (၁၂) လအတွင်း အမှန်ရရှိသော ပျှမ်းမျှလစာဝင်ငွေ၏ ၇၀% ဖြင့် စတင်မွေးစားသည့်နေ့မှ ကလေးတစ်နှစ်ပြည့်သည့် နေ့တွင်ဖြစ်စေ၊ ရက်သတ္တ (၈) ပတ် ပြည့်သည့်နေ့တွင်ဖြစ်စေ စောရာနေ့ရက်တွင် ခွင့်ကာလကို ရပ်ဆိုင်းရမည်။ တစ်နှစ်အောက်ကလေးမွေးစားမှုဆိုင်ရာခွင့်ကို တစ်ကြိမ်သာ ခံစားခွင့်ရှိပါသည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းများ ဖြစ်ပေါ်သည့်အခါ လူမှုဖူလုံရေးအဖွဲ့ နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်သော စာချုပ်ဆေးရုံ/ သားဖွားခန်း (၉)ခန်းတွင် မွေးဖွား နိုင်သကဲ့သို့ ပြည်သူ့ဆေးရုံကြီးများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် မွေးဖွားသည့် အာမခံထားသူ အမျိုးသမီးများ အတွက် လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသည့်နှုန်းထားများအတိုင်း ပေးကမ်းဆောင်ရွက်လျက်ရှိပါသည်။ ရိုးရိုးမီးဖွားခြင်းအတွက် ၃၀၀,၀၀ဝိ/- ကျပ်၊ လေစုပ်၊ ညှပ်ဆွဲမီးဖွားခြင်းအတွက် ၃၂၀,၀၀ဝိ/- ကျပ်၊ ခွဲစိတ်မီးဖွားခြင်း အတွက် ၅၅၀,၀၀ဝိ/- ကျပ်၊ ကိုယ်ဝန်ပျက်ခြင်း အတွက် ၂၈၀,၀၀ဝိ/- ကျပ်၊ နေရာလွဲမှား သန္ဓေတည်ခြင်းအတွက် ၅၀၀,၀၀ဝိ/- ခွင့်ပြုပေးလျက်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
(က) မကျန်းမာမှုဖြစ်လျှင် သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးပေးခန်းခန်းသို့ သွားရောက် ကုသမှုခံယူနိုင်ပြီး အနားယူရန် လိုအပ်လျှင် ဆရာဝန်က ဆေးလက်မှတ်ဖြင့် ဆေးခွင့်ပေးပါမည်။
(ခ) လူမှုဖူလုံရေးဆေးခန်း၏ ဆေးကုသမှုဖြင့် မလုံလောက်သော ဆေးကုသမှုများအတွက် အလုပ်သမားဆေးရုံကြီး (သို့မဟုတ်) နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးများး သို့ ဆေးစာနှင့်တကွ လွှဲပြောင်းပေးပို့ပါမည်။
(ဂ) အလုပ်မဆင်းနိုင်သည့်အတွက် ဆေးခွင့်ယူရန် တစ်ပတ်အတွင်း သက်ဆိုင်ရာ လူမှုဖူရေး ဆေးခန်းသို့ အကြောင်းကြားရမည်။
(ဃ) အကျိုးခံစားခွင့်ရရှိနိုင်ရေးအတွက် အပတ်စဉ်ဖြစ်စေ၊ ဆေးခွင့်ကာလ ကုန်ဆုံးသည့်အခါတွင် ဖြစ်စေ လျှောက်ထားနိုင်သည်။
(င) အကျိုးခံစားခွင့် ရရှိနိုင်ရေးအတွက် လိုအပ်သည့် အထောက်အထားများမှာ-
(၁) မကျန်းမာမှုဖြစ်ကြောင်း အလုပ်ရှင်ထံမှ အကြောင်းကြားစာပုံစံ
(၂) ဆရာဝန်မှ ဆေးခွင့်ပေးသည့် ဆေးလက်မှတ်ပုံစံ
(၃) ဆေးရုံတက်ရပါက ဆေးရုံတက်ဆင်းလက်မှတ်များ
(၄) လူနာ၏ ကိုယ်တိုင်ရေးလျှောက်လွှာ
(၅) လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြား။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အာမခံအလုပ်သမားတစ်ဦးသည် မကျန်းမာမှုဖြစ်ပေါ်သည့်အခါ ဆေးကုသမှုခံယူရန်အတွက် လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသည်နှင့် ဆေးကုသမှုခံယူခွင့်ရှိသည့်အပြင် အကျိုးခံစားခွင့်အဖြစ် ရောဂါတစ်မျိုးအတွက် အများဆုံးရက်သတ္တပတ်( ၂၆)ပတ် အထိ ခံစားခွင့်ရရှိမှာ ဖြစ်ပါသည်။ မှတ်ပုံတင်ကာ (၆)လအတွင်း ထည့်ဝင်ကြေး အနည်းဆုံး (၄)လ ပေးသွင်းထားပါက ဆေးကုသမှုခံစားနေရပြီး အလုပ်မဆင်းနိုင်သည့် ကာလများအတွက် လွန်ခဲ့သော (၄)လအတွင်း ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ၏ ၆၀% ကို ငွေကြေးအကျိုးခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အာမခံအလုပ်သမားများ မကျန်းမာမှု၊ ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှုတို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ချိန်များတွင် လူမှုဖူလုံရေးဆေးခန်းများ၊ ဆေးရုံကြီးများ၍ အခမဲ့ ဆေးကုသမှုခံယူခွင့်ရှိပါ သည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း စီမံဆောင်ရွက်လျက်ရှိပါသည်-
(က) အာမခံအလုပ်သမားများ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊
(ခ ) ထို့အပြင် အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ဆေးကုသသမှုခံယူနိုင်ရေးအတွက် Mobile Medical Unit ဖြင့် အလုပ်ဌာနများအရောက် ကွင်းဆင်း ဆေးကုသပေးခြင်း၊
(ဂ ) တိုင်းရင်းဆေးဖြင့် ဆေးကုသမှုခံယူလိုသော အာမခံအလုပ်သမားများအတွက် တိုင်းရင်းဆေးခန်း (၁)ခန်းအား ဖွင့်လှစ်ပေးထားခြင်း။
အကယ်၍ အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာမြို့နယ် ပြည့်သူ့ဆေးရုံကြီးများတွင် ပြသ၍ ဆေးဝါးကုသမှုခံယူနိုင်ပါသည်။ ပြည်သူ့ဆေးရုံကြီးများသို့ တက်ရောက်ကုသရခြင်းကြောင့် ကုန်ကျခဲ့သည့် ဆေးဖိုး ကုန်ကျငွေများကိုလည်း ပြန်လည်ထုတ်ပေးလျက်ရှိပါသည်။ ထို့အပြင် အာမခံအလုပ်မသားများ ဆေးရုံတက်ကုသရသည့် အခါ မိမိနေထိုင်ရာဒေသမှ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်ရသည့် ဆေးကုသမှု ခရီးစရိတ်ကို အများပြည်သူသုံးယာဉ်စီးခနှုန်းထားများဖြင့် တွက်ချက်၍ ပြန်လည်ထုတ်ပေးလျက်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်ရှင်က မိမိလုပ်ငန်းဌာနမှ အလုပ်သမားများအား လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသည်နှင့် ထည့်ဝင်ကြေးကာလအပိုင်းအခြား သတ်မှတ်ချက်မရှိသော်လည်း ဆေးကုသမှုခံစားခွင့်၊ ယာယီမသန်စွမ်းမှုအကျိုး ခံစားခွင့်၊ အမြဲတမ်းမသန်းစွမ်းမှုအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးရခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်၊ မည့်သည့် အကြောင်းကြောင့်မဆို သေဆုံးခြင်းအတွက် နာရေးစရိတ်တို့ကို ခံစားခွင့်ရှိမည် ဖြစ်ပါသည်။
မှတ်ပုံတင်ကာလ ၆ လ အတွင်း ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ ၄ လ ရှိပါက မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့်ကို ရရှိမှာ ဖြစ်ပါသည်။
မှတ်ပုံတင်ကာက ၁၂ လအတွင်း ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ ၆ လ ရှိပါက မီးဖွားမှု အကျိုးခံစားခွင့်တွေ ဖြစ်တဲ့ မီးဖွားမှုအကျိုးခံစားခွင့်၊ မီးဖွားစရိတ်၊ ဖခင်ဘဝဖြစ်မှု အကျိုးခံစားခွင့်၊ ဖခင်ဘဝဖြစ်မှု အတွက် မီးဖွားစရိတ်၊ အာမခံထားသူအမျိုးသမီး၏ မွေးကင်းစကလေးအား ဆေးကုသမှုခံယူခွင့်နှင့် အာမခံထားသူ အမျိုးသမီးများ၏ တစ်နှစ်အောက် ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်တို့ကို ရရှိမှာ ဖြစ်ပါသည်။
၂၀၁၂ ခုနှစ် ဥပဒေအရ ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ လပေါင်း (၁၈၀) ကျော်ပါက အငြိမ်းစားယူပြီးနောက် ဆေးကုသမှု ဆက်လက်ခံစားခွင့်ကို အငြိမ်းစားဆေးကုသမှုဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ လူမှုဖူလုံရေးအဖွဲ့မှ ဆေးကုသမှုကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်း ကို ကျခံပေးမှာ ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
မည်သည့်အကြောင်းကြောင့်မဆို နာမကျန်းဖြစ်သည့်အခါ အခမဲ့ဆေးကုသမှုခံစားခွင့်ရှိသည့်အပြင် အောက်ပါ ငွေကြေးခံစားခွင့်များကိုလည်း ခံစားခွင့်ရှိပါသည်-
(က) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၁) ဆေးကုသမှုခံစားခွင့်၊
(၂) မကျန်းမာမှု အကျိုးခံစားခွင့်၊
(၃) မီးဖွားမှု အကျိုးခံစားခွင့်၊ မီးဖွားစရိတ်၊
(၄) ကိုယ်ဝန်ပျက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊
(၅) တစ်နှစ်အောက် ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်၊
(၆) ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်၊ ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊
(၇) အာမခံအလုပ်သမား၏ မွေးကင်းစကလေးအား တစ်နှစ်အထိ ဆေးကုသမှုခံယူခွင့်၊
(၈) မည်သည့်အကြောင်းကြောင့်မဆို သေဆုံးခြင်းအတွက် နာရေးစရိတ်၊
(၉) ဆေးဖိုးခရီးစရိတ်များ ပြန်လည်ထုတ်ပေးခြင်း၊
(၁၀) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ လပေါင်း (၁၈၀)နှင့် အထက် ထည့်ဝင်ကြေး ပေးသွင်းထားပြီးသူများ
ပင်စင်ယူသည့်အခါ ဆေးကုသမှုဆက်လက်ခံယူခွင့်၊
(ခ) အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်
(၁) ဆေးကုသမှုခံစားခွင့်၊
(၂) ယာယီမသန်မစွမ်းဖြစ်မှု၊ အမြဲတမ်းမသန်မစွမ်းဖြစ်မှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့်၊
(၃) အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ ငွေကြေး အကျိုးခံစားခွင့်၊
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/