အာမခံအလုပ်သမားသည် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးကြောင်းကို ရုံးခွဲတာဝန်ခံ၊ စစ်ဆေးရေးမှူး၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူနှင့်လိုအပ်လျှင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့၏ အတည်ပြုချက်ရရှိပြီးပါက ကျန်ရစ်သူမိသားစုသည် အကျိုးခံစားခွင့်ရရှိနိုင်ရေးအတွက် နည်း ၁၉၈ နှင့်အညီ အောက်ပါအထောက်အထားများနှင့်တကွ တင်ပြရပါမည်-
(က) အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစား ခွင့်တောင်းဆိုလွှာ၊
(ခ) အလုပ်ရှင်၏ ထောက်ခံစာ၊
(ဂ) သေဆုံးသူက မိမိ အား အမည်စာရင်း တင်သွင်းထားကြောင်း ဝန်ခံချက် (သို့မဟုတ်) မိမိသည် အဆိုပါ အကျိုးခံစားခွင့်ကို ရထိုက်သူဖြစ်ကြောင်း အထောက်အထား ၊
(ဃ) သေဆုံးသူ၏ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား ၊
(င) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးမိတ္တူ ၊
(စ) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသော အိမ်ထောင်စု စာရင်းမိတ္တူ။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသည့်အခါ အာမခံထားသူ အလုပ်တွင်ထိခိုက်မှုမဖြစ်မီ ပေးသွင်းခဲ့သော (၄) လ အတွင်း ရရှိသည့် ပျှမ်းမျှလုပ်ခအပေါ်မူတည်၍ ဥပဒေပုဒ်မ ၆၂ နှင့်အညီ အောက်ပါအတိုင်း ခံစားခွင့်ရှိပါသည်-
(က) ထည့်ဝင်ကြေးငွေကို (၅) နှစ်နှင့် အောက်ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ ၃၀ဆ၊ (ဥပဒေကို အကောင် အထည်ဖော်ပြီး ၅ နှစ် ထိ)၊
(ခ) ထည့်ဝင်ကြေးငွေကို (၅) နှစ်အထက် မှ (၁၀) နှစ်အထိ ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ ၅၀ ဆ၊
(ဂ) ထည့်ဝင်ကြေးငွေကို (၁၀) နှစ်အထက်မှ (၂၀) နှစ်အထိ ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ ၆၀ဆ၊
(ဃ) ထည့်ဝင်ကြေးငွေကို (၂၀) နှစ်အထက် ပေးသွင်းပြီး ဖြစ်ပါက ပျမ်းမျှလုပ်ခ၏ ၈၀ ဆ။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်တွင်ထိခိုက်ပြီး အလုပ်လုပ်နိုင်သည့် အင်အားတစ်စိတ်တစ်ဒေသဖြစ်စေ၊ လုံးဝ ဖြစ်စေ ဆုံးရှုံးခဲ့လျှင် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ကို သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရရှိရေးအတွက် အောက်ပါအထောက်အထားများဖြင့်တင်ပြရပါမည်-
(က) အလုပ်တွင်ထိခိုက်မှုကြောင့်ဖြစ်ပေါ်သည့် အမြဲတမ်းမသန်စွမ်းမှု မှန်ကန်ကြောင်း ရုံးခွဲတာဝန်ခံ၊ စစ်ဆေးရေးမှူး၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတို့က စစ်ဆေးအတည်ပြုထားသည့် အတည်ပြုချက်၊
(ခ) လိုအပ်လျှင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့၏ အလုပ်တွင် ထိခိုက်မှုဖြစ်သည်ကို စစ်ဆေးအတည်ပြုထားသည့် အတည်ပြုချက်၊
(ဂ) အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် တောင်းဆိုလွှာ၊
(ဃ) ဆရာဝန်၏ နောက်ဆုံးဆေးခွင့်ပေးထားသည့် ဆေးစာ၊
(င) လူမှုဖူလုံရေးဆေးဘက်ဆိုင်ရာခုံအဖွဲ့၏ လုပ်အားဆုံးရှုံးမှု တန်ဖိုးဖြတ် ရာခိုင်နှုန်းသက်သေခံလက်မှတ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး အမြဲတမ်းမသန်စွမ်းမှုဖြစ်ပွားပါက ဒဏ်ရာ ပျောက်ကင်းသည်အထိ ဆေးကုသမှုအကျိုးခံစားခွင့်ရှိသည့်အပြင် အလုပ်တွင် ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀% ကို အခြေပြု၍ အမြဲတမ်း လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်း သတ်မှတ်ချက်အရ-
(က) လုပ်အားဆုံးရှုံးမှု ၂၀% နှင့်အောက်ဖြစ်ပါက (၅)နှစ်နှင့် ညီမျှသော ငွေကြေးခံစားခွင့်၊
(ခ) လုပ်အားဆုံးရှုံးမှု ၂၀% အထက်မှ ၇၅% ထိ ဖြစ်ပါက လစဉ်ပင်စင် သို့မဟုတ် (၇)နှစ်နှင့်ညီမျှသော ငွေကြေးခံစားခွင့်၊
(ဂ) လုပ်အားဆုံးရှုံးမှု ၇၅% အထက်ဖြစ်ပါက လစဉ်ပင်စင် သို့မဟုတ် (၉) နှစ်နှင့် ညီမျှသောငွေကြေးခံစားခွင့်၊
(ဃ) အမြဲတမ်းမသန်စွမ်းမှုကြောင့် အခြားသူတစ်ဦးတစ်ယောက် အမြဲမပြတ်ပြုစုရန်လိုအပ်ပါက ၁၀% နှုန်း ထပ်ပေါင်း၍ ခံစားခွင့်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်တွင်ထိခိုက်ပြီး ယာယီမသန်စွမ်းမှုဖြစ်၍ အလုပ်မလုပ်နိုင်လျှင် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရရှိရေးအတွက် အောက်ပါအထောက်အထားနှင့်တကွတင်ပြရန် လိုအပ်ပါသည်-
(က) အလုပ်ရှင်၏ အကြောင်းကြားစာ၊
(ခ) ရုံးခွဲတာဝန်ခံ၊ စစ်ဆေးရေးမှူး၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူနှင့် လိုအပ်လျှင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့၏ အလုပ်တွင်ထိခိုက်မှုဖြစ်သည်ကို စစ်ဆေးအတည်ပြု ထားသည့် အတည်ပြုချက်၊
(ဂ) ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်တောင်းဆိုလွှာ၊
(ဃ) သက်ဆိုင်ရာဆရာဝန်မှ ဆေးကုသမှုပေးထားသည့် ယာယီမသန်စွမ်းမှု ဆေးလက်မှတ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး ယာယီမသန်စွမ်းမှု ဖြစ်ပွားပါကဒဏ်ရာ ပျောက်ကင်းသည်အထိ ဆေးကုသမှုအကျိုးခံစားခွင့်ရှိသည့်အပြင် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀% ကို အများဆုံး (၁၂) လ အထိ ခံစားခွင့် ရှိသည်။ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးပါက ထည့်ဝင်ကြေးကာလ အပိုင်းအခြားသတ်မှတ်ချက်မရှိဘဲ ခံစားခွင့်ရှိသည်။ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်အရ အလုပ်မလုပ်နိုင်သည့် ကာလကုန်ဆုံးသည့်နေ့မှစ၍ (၃)လအတွင်း တောင်းဆိုရမည်။ အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်သည့်နေ့မှစ၍ အရစ်ကျဖြင့် ရက်သတ္တပတ် ကုန်ဆုံးသည့်အခါဖြစ်စေ၊ ဆေးသက်သေခံလက်မှတ်အရ ယာယီမသန်စွမ်းမှုကာလပြီးဆုံးသည့် အခါဖြစ်စေ အလုပ်မလုပ်နိုင်သည့်နေ့ အသီးသီးအတွက် ရထိုက်ခွင့်ရှိသောငွေကို လူမှုဖူလုံရေးအဖွဲ့မှပေးရမည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦးသည် အလုပ်ခွင်အတွင်းနှင့်အလုပ်ခွင်ပြင်ပတွင် အလုပ်ကိုအကြောင်းပြု၍ဖြစ်စေ၊ အလုပ်တာ၀န်နှင့် ဆက်စပ်၍ ဖြစ်စေ၊ အလုပ်ရှင်၏အကျိုးငှာ အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ အလုပ်တာ၀န်ထမ်းဆောင်ရန် အလုပ်ခွင်သို့အသွား သို့မဟုတ် အလုပ်ခွင်မှ အပြန် လမ်းခရီးတွင်ဖြစ်စေဖြစ်ပေါ်သော မတော်တဆထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင်သည့် ရောဂါရရှိမှုကိုဆိုသည်။ (လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်းသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်း၊ ဘေးအန္တရာယ် အကာအကွယ်၊ အတားအဆီးပစ္စည်း ကိရိယာများကိုဖယ်ရှားခြင်း (သို့မဟုတ်) အသုံးမပြုခြင်းကြောင့်လည်းကောင်း၊ အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့်သော်လည်းကောင်းရရှိသည့် ထိခိုက်မှုဒဏ်ရာရခြင်း၊ သေဆုံးခြင်း တို့မပါဝင်ပါ။) (ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ-စ)
အလုပ်တွင်ထိခိုက်မှုဖြစ်ပွားပါက ဒဏ်ရာပျောက်ကင်းသည်အထိ ဆေးကုသမှုအကျိုးခံစားခွင့်၊ ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားပါက ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိမှာဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
နည်း-၁၃၂ (က) အရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် ရန်ပုံငွေသို့ ပညာသင်နှစ် မစတင်မီ နှင့် သဘာဝဘေးအန္တရာယ်မကြုံတွေ့မီ ထည့်ဝင်ကြေးအနည်းဆုံး (၃၆) လ ပေးသွင်းထားသူမှသာ အောက်ပါ အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိပါသည်-
(က) သားသမီး ပညာသင်စရိတ်။ နောက်ဆုံး (၁၂) လ အတွင်း ရရှိခဲ့သော ပျမ်းမျှ လုပ်ခတစ်လစာ၏ ၁၀% ကို ကလေးတစ်ဦးအတွက် တစ်နှစ်စာ ပညာသင် စရိတ်ခံစားခွင့် ရှိပါသည်။
(ခ) သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါခံစားခွင့်။ တစ်နှစ်အတွင်းရရှိခဲ့သော ပျမ်းမျှလုပ်ခ တစ်လစာ ၏ ၄၀ % အပြင် အဖွဲ့ကသတ်မှတ်ပေးသော ကယ်ဆယ်ရေးပစ္စည်းများ ခံစားခွင့်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေး အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးကုသမှုဆက်လက်ခံယူခွင့် ရရှိရန်အတွက် နည်းဥပဒေ ၁၀၂ (ဂ) အရ ထည့်ဝင်ကြေးကာလ လပေါင်း(၁၈၀) နှင့် အထက်ပေးသွင်းထားရပါမည်။ ဆေးကုသမှုဆက်လက်ခံယူနိုင်ရေးအတွက် အငြိမ်းစားစိစစ်ရေး သက်သေခံလက်မှတ်ကို ကိုင်ဆောင်ထားရမည်ဖြစ်ပြီး ထိုလက်မှတ် ရရှိနိုင်ရေးအတွက် မိမိအား အငြိမ်းစားယူခွင့်ပြုသော ဌာနဆိုင်ရာရုံးအမိန့်စာနှင့် ပင်စင်ကတ်တို့ကို တင်ပြလျက် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးတွင် အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ်ကို အငြိမ်းစားယူသည့်နေ့မှ တစ်နှစ်အတွင်းလျှောက်ထားနိုင်သည်။
ဆေးစတင်ကုသည့်နေ့မှ (၂၆) ပတ်အထိသာ ဆေးကုသမှုခံယူခွင့်ရှိသည်။ အငြိမ်းစားယူပြီးနောက် ဆေးကုသမှုအတွက် နည်းဥပဒေ (၁၀၄) နှင့်အညီ ဆေးကုသမှုကုန်ကျ စရိတ်၏ ၅၀% ကို လူမှုဖူလုံရေးအဖွဲ့မှ ကျခံမည် ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေး အာမခံအလုပ်သမားများ မည်သည့်အကြောင်းကြောင့်မဆို သေဆုံးလျှင် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးတွင် အောက်ပါ အထောက်အထားများနှင့်တကွ နာရေးစရိတ် လျှောက်ထား ခွင့်ရှိပါသည်-
(က) မိမိအလုပ်သမားသေဆုံးသည်မှာ မှန်ကန်ကြောင်းအလုပ်ရှင်၏ ထောက်ခံစာ၊
(ခ) ကျန်ရစ်သူမိသားစု၏ နာရေးစရိတ်လျှောက်လွှာ၊
(ဂ) တာဝန်ခံဆရာဝန်မှ ထုတ်ပေးသည့် ဆေးလက်မှတ် သေစာရင်းပုံစံ၊
(ဃ) သေဆုံးမှုလက်မှတ် (သို့) ရပ်ကွက်ထောက်ခံစာ၊
(င) နာရေးစရိတ်ထုတ်ယူသူမှာ မိသားစုဝင်ဖြစ်ကြောင်း(သို့မဟုတ်) နာရေးကိစ္စကို တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထား၊
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/