NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲထားရှိပြီးဖြစ်သည့် အလုပ်အကိုင်အမျိုးအစား (၆၂) မျိုးအတွက် NSSA အသိအမှတ်ပြုသင်တန်းကျောင်း လျှောက်ထား၍ NSSA ကျွမ်းကျင်မှု “စံ” အခြေပြုသင်တန်းများ သင်ကြားနေသော NSSA သင်တန်းကျောင်း အဖြစ် လျှောက်ထားနိုင်ပြီး NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲထား ရှိပြီးဖြစ်သည့် အလုပ်အကိုင်အမျိုးအစား (၆၂) မျိုးတွင် မပါဝင်သော အလုပ်အကိုင်၊ ကျွမ်းကျင်မှု “စံ” သင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီမှုမရှိသည့် အလုပ်အကိုင်များ၊ သင်တန်းများ သင်ကြားပို့ချနေသော သင်တန်းကျောင်းများသည် ဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်း လျှောက်ထားနိုင်ပြီး ဦးစီးဌာနနှင့် NSSA အသိအမှတ်ပြု သင်တန်းကျောင်းလျှောက်ထားရာတွင် သတ်မှတ်ချက်အတိုင်း လျှောက်ထားရမည်ဖြစ်ပြီး NSSA နှင့် ဝန်ကြီးဌာန Websiteများဖြစ်သော www.nssa.gov.mm နှင့် www.mol.gov.mm တို့တွင် လျှောက်ထားရန်လိုအပ်သည့် Application Form နှင့် လျှောက်ထားလျှင် လိုအပ်သည့်အချက်အလက်များ၊ လိုက်နာရမည့်ညွှန်ကြားချက်များကို ရယူ လျှောက်ထားနိုင်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု မှတ်ပုံတင် ပေးထားသော သင်တန်းကျောင်းနှင့် မြန်မာနိုင်ငံ အလုပ်သမားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုမှတ်ပုံတင်ပေးထားသော သင်တန်းကျောင်း (၁၁) ကျောင်းတို့မှ သင်ကြားပို့ချနေသောသင်တန်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(၁)အခြေခံဂဟေဆက်သင်တန်း
(၂)အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း
(၃)လေအေးပေးစက်ပြုပြင်/ တပ်ဆင်ခြင်းသင်တန်း
(၄)Air- Compressor ပြုပြင်ထိန်းသိမ်းနည်းသင်တန်း
(၅)Food and Beverage (အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု)
(၆)Waiting Staff (ဟိုတယ်စားပွဲထိုးဝန်ထမ်း)
(၇)Restaurant Service (စားသောက်ဆိုင်ဝန်ဆောင်မှု)
(၈)Room Attendant (အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ဆောင်မှု)
(၉)Hotel & Gastronomy Assistant (ဟိုတယ်နှင့် အစားအသောက်ဆိုင်ရာလက် ထောက်)
(၁၀)ဝါးလက်မှုအနုပညာသင်တန်း
(၁၁)ဆောက်လုပ်ရေးလက်သမား
(၁၂)လေအေးပေးစက်ကျွမ်းကျင်သင်တန်း
(၁၃)ဂဟေဆက်ကျွမ်းကျင်သင်တန်း(GMAW၊ GTAW၊ SMAW)
(၁၄)လျှပ်စစ်ကျွမ်းကျင်သင်တန်း
(၁၅)အခြေခံမော်တော်ယာဉ်စက်ပြင်သင်တန်း/ အဆင့်မြင့်မော်တော်ယာဉ်စက်ပြင်သင်တန်း
(၁၆)အထည်ချုပ်သင်တန်း
(၁၇)ပိုက်ပြင်ပိုက်ဆက် (Plumbing & Pipe Fitting)
(၁၈)ပရိဘောဂလက်သမား (Cabinet Maker)
(၁၉)IT နည်းပညာသင်တန်းများ
(၂၀)ဂျပန်ဘာသာစကားသင်တန်းများ
(၂၁)မြေတူးစက်မောင်းသင်တန်း
(၂၂)အရောင်းဝန်ထမ်း (Sale Person)
(၂၃)ငွေစာရင်းကိုင်ဝန်ထမ်း(Cashier)
(၂၄)ရိုးရာလက်နှိပ်ပညာ(Traditional Message)
(၂၅)ဆောက်လုပ်ရေး (လက်သမား၊ ပန်းရံ၊ သံချည်သံကွေး)
(၂၆)အဆင့်မြင့် PLC လျှပ်စစ်သင်တန်း/ အဆောက်အဦလျှပ်စစ်ဒီဇိုင်းသင်တန်း
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုမှတ်ပုံတင်ပေးထားသော သင်တန်းကျောင်း (၂၄) ကျောင်းနှင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုမှတ်ပုံတင်ပေးထားသော သင်တန်းကျောင်း (၂၄)ကျောင်းနှင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု မှတ်ပုံတင်ထားသော သင်တန်းကျောင်း (၁၁) ကျောင်းရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်း ရှိပြီး ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံနှင့် ပဲခူးတို့တွင် ဖွင့်လှစ် ထားပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” များ ရေးဆွဲထားရှိမှုအနေဖြင့် အလုပ်အကိုင် (၆၇) မျိုးအတွက် ကျွမ်းကျင်မှုအဆင့်-၁ (၄၄) မျိုး၊ ကျွမ်းကျင်မှု အဆင့်-၂ (၃၆) မျိုး၊ ကျွမ်းကျင်မှု အဆင့်-၃ (၉) မျိုး၊ စုစုပေါင်း ကျွမ်းကျင်မှု “စံ” အဆင့် အလိုက် (၈၉) မျိုးကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပြီး အလုပ်အကိုင် (၁၉) မျိုးအား ကျွမ်းကျင်မှု “စံ”ရေးဆွဲနိုင် ရေးဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) လျှောက်ထားရန် လိုအပ်သည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
စဉ် | အကြောင်းအရာ | မိမိ အစီအစဉ် | မိမိအစီအစဉ် (ဂျပန်ကျွမ်းကျင်) | ခွင့်ပြန် | PR ခွင့်ပြန် | OWIC သက်တမ်းတိုး | OWIC ပျောက်ဆုံး | ||
၁။ | ညွှန်ကြားရေးမှူးချုပ် ထံ လိပ်မူသည့် အပေါ်စာ | ||||||||
၂။ | နိုင်ငံကူးလက်မှတ် မိတ္တူ (PJ) | ||||||||
၃။ | Offer Letter (or) Demand Letter | ||||||||
၄။ | အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် | ||||||||
၅။ | ပြည်ဝင်ခွင့်ဗီဇာ | ||||||||
၆။ | သက်တမ်းရှိ အလုပ် လုပ်ခွင့် ပါမစ်၊ နေထိုင်ခွင့်ပါမစ် | ||||||||
၇။ | အလုပ်ရှင်၏ ခွင့်စာ | ||||||||
၈။ | ကာလရှည်နေထိုင်ခွင့် (COE) | ||||||||
၉။ | ဂျပန်စာ အရည်အချင်း လက်မှတ် | ||||||||
၁၀။ | ဘွဲ့လက်မှတ်၊ ကျွမ်းကျင်မှု လက်မှတ် | ||||||||
၁၁။ | ပြည်ဝင်/ ပြည်ထွက် လဝက တံဆိပ်တုံး | ||||||||
၁၂။ | ပြည်ပအလုပ်အကိုင် လမ်းညွှန် သင်တန်းဆင်းလက်မှတ် | ||||||||
၁၃။ | OWIC အဟောင်း ရှေ့ /နောက် မိတ္တူ | ||||||||
၁၄။ | ရဲစခန်း ထောက်ခံချက်၊ သတင်းစာ ကြော်ငြာ ဖြတ်ပိုင်း |
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အလုပ်ရှင်အဖွဲ့အစည်း သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းတစ်ခုခုမှ အဆိုပြုလာပါက အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်မိတ်ဖက်များ၏ သဘောထားများရယူ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်သမားအဖွဲ့အစည်း ၃၀၂၄ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့ စုစုပေါင်း ၃၀၅၂ ဖွဲ့ ဖွဲ့စည်းပေးထားပါတယ်။ ကျယ်ကျယ်ပြန့်ပြန်သိလိုလျှင် အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရမည့်နည်းလမ်းများနှင့် လျှောက်လွှာပုံစံများကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင်ပြဋ္ဌာန်းထားသကဲ့သို့ အလုပ်သမားဝန်ကြီးဌာန Website တွင်လည်းဖော်ပြထားပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများနှင့် မြို့နယ်ရုံးများတွင်လည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်အမှုဆောင်သက်တမ်း ကျော်လွန်နေသည့်အဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်စေရေး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ညှိနှိုင်းအကြောင်းကြား ဆောင်ရွက်လျက် ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
အလုပ်သမားအဖွဲ့အစည်းများ လျှောက်ထားမှုနှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာမှုမရှိစေရန် အဖွဲ့အစည်းများလာရောက်လျှောက်ထားချိန်တွင် ဥပဒေအရလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိပါက အသိအမှတ်ပြုလက်မှတ်ရရှိစေရေး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/