အမေးအဖြေကဏ္ဍ

အလုပ်ဌာနမှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အချက်များနှင့် လိုအပ်တဲ့ စာရွက်စာတမ်းများကို သိရှိလိုပါသည်။

အကျုံးဝင်မှတ်ပုံတင်ရမည့် အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း ၃၀ အတွင်း မိမိတို့လုပ်ငန်းများနှင့်အတူ မှတ်ပုံတင်ရန် တာဝန်ရှိပါသည်-
(က) အလုပ်ဌာနမှတ်ပုံတင်ပုံစံ ပုံစံ(၁)နှင့် မိမိအလုပ်ဌာနတွင် လုပ်ကိုင်နေသော အလုပ်သမားစာရင်း ပုံစံ (၁-က) တွဲတင်ရန်၊
(ခ ) လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်းနှင့် လုပ်ငန်းလိုင်စင်မိတ္တူ၊

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

 

လူမှုဖူလုံရေးအဖွဲ့မှာ မဝင်မနေရ အကျုံးဝင်ရမယ့် အလုပ်ဌာနများကို သိချင်ပါသည်။ ဘာကြောင့် မဝင်မနေရ အလုပ်ဌာနအဖြစ် သတ်မှတ်ထားကြောင်း သိရှိလိုပါသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား (၅)ဦးနှင့်အထက် လုပ်ကိုင်သော အောက်ပါအလုပ်ဌာနများ အကျုံးဝင်ပါသည်-
(က) စက်မှုလက်မှု အလုပ်ဌာနများ၊
(ခ ) စီးပွားရေးလုပ်ကိုင်သောအစိုးရဌာန၊ အစိုးရ(အဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ)
(ဂ ) စည်ပင်သာယာရေးအဖွဲ့အစည်းများ၊
(ဃ) ငွေရေးကြေးရေး အဖွဲ့အစည်းများ၊
(င ) စီးပွားရေးလုပ်ကိုင်သောကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းများနှင့် လက်အောက်ခံဌာနများ၊
(စ ) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ၊ အများပြည်သူဖျော်ဖြေရေးအလုပ်ဌာနများ၊
(ဆ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊
(ဇ ) တစ်နှစ်နှင့်အထက်လုပ်ကိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊
(ဈ ) ဖက်စပ်လုပ်ငန်းများ၊
(ည) သတ္တုတွင်းနှင့် ကျောက်မျက်ရတနာဆိုင်ရာလုပ်ငန်းများ၊
(ဋ ) ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊
(ဌ ) ဆိပ်ကမ်းများနှင် ပြင်ပဆိပ်ကမ်းများ၊
(ဍ ) ကုန်တင်ကုန်ချလုပ်ငန်း အဖွဲ့အစည်းများ၊
(ဎ ) အလုပ်သမားဝန်ကြီးဌာနနှင့် လက်အောက်ခံဌာနအဖွဲ့အစည်းများ၊
(ဏ) အခါအားလျော်စွာသတ်မှတ်သော အခြားလုပ်ငန်းဌာနများ၊
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်များသည် လျော်ကြေးဥပဒေမှ ကင်းလွတ်ခွင့်ရှိပြီး၊ ၎င်းအလုပ်ဌာနများမှ ဝန်ထမ်း/အလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် မကျန်းမာမှု၊ အလုပ်တွင်ထိခိုက်မှု၊ သေဆုံးမှု၊ ကျန်ရစ်သူ အကျိုးခံစားခွင့်များ၊ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ခံယူခွင့်စသည့် အခွင့်အရေးများရရှိစေရန် အလုပ်ဌာနကိုယ်စား လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးသည်ဖြစ်၍ အလုပ်ရှင်နှင့်အလုပ်သမားများ ငြိမ်းချမ်းစွာအတူလက်တွဲပြီး ကုန်ထုတ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မဝင်မနေရ အကျုံးဝင်ရမည့် အလုပ်ဌာနအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

 

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များအပေါ် လိုက်နာရန် ပျက်ကွက်ပါက မည်ကဲ့သို့ ဆောင်ရွက်နိုင်ပါသလဲ။

ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ အတည်ဖြစ်ပြီးသည့် ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်ပါက အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ချမှတ်ခြင်းခံရမည့်အပြင် အလုပ်သမားရရန် ရှိသည့် ငွေကြေးအကျိုးခံစားခွင့်ကိုလည်း အလုပ်သမားအား ပေးချေရမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲခွင့် ရှိ/မရှိ သိလိုပါတယ်။

သက်ဆိုင်ရာအငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်အတည်ဖြစ်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ကျော်လွန်ပါက ယင်းဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲရန် သဘောတူညီနိုင်ပါတယ်။ ယင်းသဘောတူညီမှုအရ ပြင်ဆင်ပြောင်းလဲချက်သည် ခုံသမာဓိဆုံးဖြတ်ချက်၏ သက်ဆိုင်ရာအပိုင်းကို လွှမ်းမိုးပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

 

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ခုံသမာဓိကောင်စီ၏ဆုံးဖြတ်ချက်သည် မည်သည့်နေ့ရက်မှ စ၍ အတည်ဖြစ်ပါသလဲ။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ ခုံသမာဓိကောင်စီသည် အငြင်းပွားမှုဖြေရှင်းရေးယန္တရားတွင် နောက်ဆုံးအဆင့်ဖြစ်ပြီး ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့ရက်မှစ၍ အတည်ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ အငြင်းပွားသူများအနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါသလဲ။

မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့်ဆုံးဖြတ်ချက်မှတစ်ပါး ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူ တစ်ဖက်ဖက်မှ လျှောက်ထားနိုင်ပါတယ်။
မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ တရားဝင်ရုံးပိတ်ရက်များမပါ ခုနစ်ရက်အတွင်း ခုံသမာဓိကောင်စီသို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

ခုံသမာဓိအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို မည်သည့်ကာလအတွင်း ဆုံးဖြတ်ခြင်းပြုရန် သတ်မှတ်ထားပါသလဲ။

ညှိနှိုင်းဖျန်ဖြေရာတွင် ပြေငြိမ်းမှုမရရှိသောကြောင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က လွှဲအပ်သော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအား လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး တရားဝင် ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ဆုံးဖြတ်ချက်ပေးပို့ရမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့်အဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းခြင်းရှိ၊ မရှိနှင့် သက်တမ်းသတ်မှတ်ထားမှု ရှိ/မရှိ သိရှိလိုပါတယ်။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတိ၏ သက်တမ်းမှာ (၂)နှစ် ဖြစ်ပြီး ကျန်ရှိသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမားဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ သက်တမ်းမှာ (၃)နှစ် ဖြစ်ပါတယ်။ သက်မှတ်သက်တမ်း ကုန်ဆုံးပါက ဥပဒေနှင့်အညီ အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို မည်သည့်ကာလအထိ ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ပေးပါသလဲ။

ညှိနှိုင်းဖျန်ဖြေရမည့် ကာလအနေဖြင့် အငြင်းပွားမှုကို သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်တွင် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ပြေငြိမ်းမှုရရှိအောင် ဖျန်ဖြေခြင်း မပြုနိုင်သည့်အခါ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးက ဆက်လက် ဖျန်ဖြေပေးစေလိုကြောင်း တောင်းဆိုလျှင် ပြေငြိမ်းမှုရသည်အထိ ဖျန်ဖြေပေးနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားရေးရာ အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မည်သို့ တိုင်ကြားဆောင်ရွက်ရပါသလဲ။

အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပွားသော နစ်နာချက်များ၊ အလုပ်သမားရေးရာပြဿနာများ၊ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက နစ်နာသူသည် စက်ရုံ၊ အလုပ်ရုံတည်ရှိရာ မြို့နယ်များရှိ သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားစာ ပေးပို့တိုင်ကြားနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/